"Omma........omma........"
"Wae?.......သားလေးဘာဖြစ်လို့လဲ....."
"ဒီမှာ သားသားနေရာမဖယ်ပေးဘူး....."
နှုတ်ခမ်းလေးဆူပြီးအတိုင်အတောထူနေတဲ့ သားဖြစ်သူကို ကြည့်ကာပြုံးမိသွားသည်။
"ဪ.....သားရယ်.....ဘေးမှာခုံတွေလွတ်နေတာပဲ အဲ့မှာထိုင်လိုက်လေ....."
"မရဘူး.....မရဘူး.....သားသားအစောကထိုင်ခဲ့တဲ့နေရာမှာပဲထိုင်မှာ......"
အော်... ဇွတ်။ သားငယ်တို့ကတော့ လုပ်ပြီ။
"သားငယ်.....အဲ့လောက်မဆိုးရဘူးလေ ကြည့်ပါဦး သမီးလေးကချစ်စရာလေး.....aigoo.....သမီးနာမည်ဘယ်လိုခေါ်လဲ....."
သားဘေးက ပါးဖောင်းဖောင်းလေးနဲ့ ဝကစ်ကစ်ကလေးမလေးကို ကြည့်ကာမေးလိုက်တော့ မျက်နှာရွှင်တဲ့ခလေးပီပီ ပြုံးပြကာ နှုတ်ဆက်လာသည်။
"အညာစဆရော်......Park Ji Min mida...."
ချစ်စရာကလေးလေးရဲ့ နှုတ်ဆက်သံကိုကြားပြီးနောက် အသဲတွေယားကာ အချစ်ပိုမိသည်။ သမီးလေးလိုချင်တဲ့သူမက ဒီကလေးမလေးကိုမြင်မိတော့ အပိုင်လိုချင်စိတ်တွေတဖွားဖွား။
"Aigooo.....လိမ္မာလိုက်တာ.....သမီးမိဘတွေနဲ့လာတာလား"
"arnyi.....ဖွားဖွားနဲ့ပါ....."
"jiji.....သမီးလေး...."
"Ohw.....ဖွားဖွားလာပြီ....."
"anyrsayaw.......ji min လေးအဖွားလား...."
"ဖွားဖွား......ဒီအန်တီကသမီးကိုချိုချဉ်ကျွေးတယ်....."
"ကျေးဇူးပါပဲကွယ်.....ဟိုဘက်မှာလူတွေရှုပ်နေလို့ ဒီနားခဏထားခဲ့တာ.....ပျောက်သွားမှာစိုးရိမ်နေတာ"
ကလေးမလေး အဖွားဖြစ်သူက ဖော်ဖော်ရွေရွေနှုတ်ဆက်လာပြီး သားငယ်လေးနဲ့ကစားနေတဲ့ သူမမြေးလေးကို သဘောကျနေဟန် ခေါင်းတညိတ်ညိတ်နဲ့။
"nae.....armonyi တို့ကဘယ်သွားကြမှာလဲ"
"ကလေးကိုနွေရာသီအားလပ်ရက် ဂျယ်ဂျူ ကိုလိုက်ပို့မလို့လေ.....မြေးလေးကပင်လယ်ဆိုအရမ်းသဘောကျတာ..."