♥Unicode♥
တစ်ညလုံး ဆိုဖာပေါ်ငုတ်တုတ်ထိုင်နေတာ မိုးလင်းလို့လင်းမှန်းမသိ။ ပူလောင်လိုက်တာကလေးရယ်။ မင်းမရှိဘဲ ကိုယ်တစ်ကယ်မနေနိုင်တော့ဘူး။
"တီ... တီ... တီ"
ရုတ်တရက်ထမြည်လာတဲ့ဖုန်းလလေးကို မျှော်လင့်တကြီးကောက်ကိုင်လိုက်ပြီး
"ဘယ်လိုလဲ... ရှာတွေ့ပြီလား"
"Hyung... Jiji အိမ်ကိုအမြန်လာခဲ့ အဲ့ရောက်မှဆက်ပြောမယ်"
ဆက်သွယ်မှုပြတ်တောက်သွားတဲ့ဖုန်းလေးကိုကြည့်ပြီး အနွေးထည်တောင်မဝတ်နိုင်။ ကားသော့ယူပြီးပြေးထွက်ရပြန်သည်။
အိမ်ထဲမှာ လူစုံတက်စုံ။ အလွန်အင်မတန်မှတွေ့ချင်လှတဲ့မိန်းကလေးတော့မပါပေ။ ပျက်ယွင်းနေတဲ့အမူအယာတွေကြောင့် ကောင်းတာတော့မဖြစ်နိုင်။
"Hyung.... လာပြီလား"
"အင်း.... Jiji ကော"
"သား.... Jiji ကသားနဲ့ကွာရှင်းရှင်တယ်ပြောတယ်"
"နားလည်မှုလွဲတာပါ သူစိတ်ဆိုးလို့လျှောက်ပြောနေတာပါ ကျွန်တော်သူနားလည်အောင်ရှင်းပြပေးမှာမလို့ ကွာရှင်းမပေးနိုင်ပါဘူး.... Jiji ထွက်ခဲ့ပါကွာ.... ကိုယ်ရှင်းပြပါရစေ"
Jiji's appa ကပုခုံးလာကိုင်ပြီး သက်ပြင်းတစ်ချက်ချကာ
" သမီးလေးကထွက်သွားပြီ သူဘယ်သွားလဲဆိုတာ ဦးတို့တစ်ကယ်မသိတာ လုံးဝမဆက်သွယ်ပါနဲ့ လိုက်ရှာရင် ကိုယ့်ဘာကိုယ်သက်သေပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားတယ် လိုက်မရှာရဲဘူး ဦးသမီးအကြောင်းကို မင်းအသိဆုံးနေမှာပါ"
အားလုံးရှေ့ အရုပ်ကြိုးပြတ် ဒူးထောက်ချလိုက်တယ်။ မျှော်လင့်ချက်မဲ့နေတဲ့မျက်လုံးတွေမှာ မျက်ရည်လေးတွေဝေ့သီလို့ပေါ့။
အသည်းကွဲတယ်ဆိုတာ ဒါမျိုးလား။ ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်ပြီး ရစရာမရှိအောင် ဒဏ်ရာတွေနဲ့ပြည့်နှက်နေတယ်။ တစ်ခါတစ်ရံမှသောက်ဖြစ်တဲ့အရက်က အချိန်ပြည့်လူကိုဝါးမြိုလာတယ်။
ခမ်းနားမှုမရှိတဲ့အသည်းကွဲခြင်း။ အဟင်း.... ခမ်းနားမှု။ အသည်းကွဲမှတော့ ခမ်းနားတော့မလား။ ငါကြောင်လိုက်တာ။
