Ep-16

1K 116 0
                                    

♥Unicode♥


"Jiji....."

အခန်းရှေ့ကအသံကြောင့် ကြောင်အအနဲ့ အခန်းတံခါးဖွင့်လိုက်ပြီး

"O... Oppa... ဘာ​ကိစ္စ​ရှိလို့လဲ"

အခန်းထဲထိလိုက်ဝင်လာကာ

"ခုထိအဝတ်မလဲရသေးဘူးလား ဒီနေ့မင်္ဂလာဝတ်စုံသွားကြည့်ရမှာလေ အမေကမပြောထားဘူးလား"

"အ....အမေ"

"အင်းလေ...ဪ....အန်တီက​အမေပဲခေါ်ဆိုလို့"

မသိရင် ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်ရမယ့်သူလို ပေါ့ပေါ့ပါးပါးပြောနေတဲ့ oppa ကိုကြည့်ပြီး

"​oppa... Jiji ရှေ့မှာတော့ ဟန်ဆောင်စရာမလိုပါဘူး အရင်လိုပဲပြောပါ"

"​ကိုယ်လဲ အရင်လိုပဲပြောတာပဲ Jiji သာစိတ်လျှော့ပြီး ကိုယ့်ကိုအရင်လိုပဲဆက်ဆံရင်ရပြီ"

"​အင်း"

" အဝတ်လဲတော့ ကိုယ်အောက်မှာစောင့်နေမယ်"

သူအောက်ထပ်ဆင်းသွားမှ အဝတ်ကဗျာကယာလဲကာ ထွက်လာခဲ့သည်

အောက်ရောက်တော့ omma တို့နဲ့​ပွဲကျနေတဲ့ ဘေးတစ်စောင်းမြင်နေရတဲ့သူ့မျက်နှာချောချောကို​သတိလက်လွှတ်ငေးကြည့်နေမိသည်

"ကဲ...သမီးလေးလဲပြီးလာပြီ သွားကြစို့"

Omma ရယ်​ oppa​ ရယ်​ oppa's omma ရယ်​ Kook ကတော့​ဘယ်တွေပျောက်နေမှန်းမသိ Appa​ ကတော့အလုပ်ကိစ္စ​နဲ့မလိုက်အား

မင်္ဂလာဝတ်စုံဆိုင်ရောက်တော့ တစ်ထည်ပြီးတစ်ထည်လဲဝတ်ခိုင်းနေတာကြောင့်စိတ်ညစ်လှသည်​ဟိုဟာလဲမကြိုက် ဒီဟာလဲမကြိုက်​ဟိုအင်္ကျီကပေါ်လွန်းတယ် ဒီအင်္ကျီက ရိုးလွန်းတယ်​အမျိုးမျိုးမှတ်ချက်တွေနဲ့​ဇီဇာကြောင်လွန်းတဲ့ oppa အမေကြောင့် စိတ်တွေညစ်ညူးပြီး သက်ပြင်းချကာ

"omma.... ဒါနောက်ဆုံးတစ်ထည်ပဲ သဘောကောကျလား"

"perfect အမေလိုချင်တာဒါမျိုး သားကြည့်စမ်း Jiji လေးဘယ်လောက်လှလဲ"

မချစ်ဘဲလက်ထပ်တယ်ဆိုရင်တောင် ကိုယ့်အိမ်ထောင်ဘက်ကပေးတဲ့မှတ်ချက်တော့လိုချင်မိသည် oppa ဘက်လှည့်ကြည့်တော့ ပြုံးပြီးခေါင်းငြိမ့်ပြလိုက်မှ စိတ်ထဲပျော်သလိုရှိကာ နေသာထိုင်သာရှိသွားသည်

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now