♥Unicode♥
အိမ်ထဲအပြေးဝင်သွားပြီး ဧည့်ခန်းမှာထိုင်နေတဲ့ Jiji မိဘတွေရှေ့ဒူးထောက်ထိုင်ချကာ
"အန်တီ Jiji ကော"
"သား...ထလေ ဘာလုပ်တာလဲ Jiji လေးက Tae ဆီသွားတယ်"
"အန်ကယ်.... အန်တီ.... ကျွန်တော် Jiji ကိုလက်ထပ်ချင်ပါတယ် ဒါတွေက...ဖိအားတွေကြောင့်မဟုတ်ဘဲ Jiji ကိုမြတ်မြတ်နိုးနိုးချစ်လို့ လက်ထပ်ချင်တာပါ အရင်ကတည်းကဖွင့်ပြောချင်ပေမယ့် Jiji ကကျွန်တော့်အပေါ်အစ်ကိုတစ်ယောက်ထက်မပိုဘူးထင်လို့ပါ ခုလိုတွေဖြစ်သွားရတဲ့အတွက်လဲတောင်းပန်ပါတယ် Jiji ကိုကျွန်တော် တန်ဖိုးထားပြီးစောင့်ရှောက်သွားမှာပါ ကျေးဇူးပြုပြီး Jiji ကိုပြန်ခေါ်မသွားပါနဲ့"
"သားရယ်.... ဘာတွေပြောနေတာလဲ နောက်တစ်ပတ်ဆိုပဲ မင်္ဂလာပွဲကျင်းပရတော့မယ် သားလေးJijiအပေါ်မေတ္တာသက်ဝင်နေတယ်ဆိုတာ အမေတို့အစောကတည်းကသိပါတယ်ကွယ် မဟုတ်ရင် သားနဲ့ဘယ်ပေးစားမလဲနှစ်ဦးနှစ်ဖက်စိတ်ဆင်းရဲရမယ့်အလုပ်ကို အမေတို့ကစီစဥ်ပါ့မလား ခုကစပြီး အန်ကယ်တွေ အန်တီတွေမခေါ်တော့နဲ့ အဖေနဲ့ အမေပဲခေါ် ကြားလားသား"
"Jiji ကဘာမှမပြောဘူးလား"
"သမီးလေးကဘာပြောရမှာလဲ သူကိုယ်တိုင်ခေါင်းညိတ်ထားတဲ့ ကိစ္စကို"
"ဒါ.... ဒါဆို ကျွန်တော်ပြန်တော့မယ်... Jiji ကိုကျွန်တော်လာတဲ့အကြောင်းမပြောပါနဲ့"
"ဪ... ဒါနဲ့သား.... မနက်ဖြန်နေ့လည်၂နာရီလောက်မင်္ဂလာဝတ်စုံသွားကြည့်ကြမယ်နော်"
"ဟုတ်ကဲ့"
နှုတ်ဆက်ကာထွက်သွားတဲ့ သားမက်ဖြစ်သူကိုငေးကြည့်ရင်း ခင်ပွန်းဖြစ်သူကို
"ကဲ.... ကျမမပြောဘူးလား.... Yoon gi လေးကိုစတွေ့ကတည်းက သမီးလေးကို မေတ္တာမျှနေမှန်းကျွန်မတန်းသိတယ် ရှင်သာစိတ်ပူနေ"
"ဟုတ်ပါပြီကွာ... အဓိကကသမီးလေးစိတ်ချမ်းသာရင်ပြီးရောအငယ်ကတည်းကအတူမနေရတော့ သမီးလေးအကြိုက်တွေသိပ်မသိဘူး နိုင်ငံခြားထွက်သွားခဲ့မိတာနောင်တရတယ်"