♥Unicode♥စိုးရိမ်စိတ်နဲ့ အလောတကြီးပြန်လာပြီး အိမ်ရှေ့ကားထိုးရပ်ကာ အိမ်ထဲအပြေးဝင်ခဲ့သည်။ ကားသော့ဖြုတ်ဖို့ပင်မေ့လျော့လို့.....။
ခါတိုင်းဆို jiji ကအိမ်ရှေ့မှာထွက်စောင့်နေကြ.... ခုတော့တစ်အိမ်လုံးမောင်မဲလို့.... အမှောင်ကြောက်တတ်တဲ့သူက မီးတွေပိတ်ထားတယ်ဆိုတာမဖြစ်နိုင်။ တစ်ခုခုဖြစ်နေတာတော့သေချာနေပါပြီ.... ။ရင်ထဲထိတ်ခနဲဖြစ်ကာ အိပ်ခန်းထဲပြေးဝင်လှတော့...
"အမေ့... လန့်တာ"
ရင်ဘတ်ဖိလိုက်ပြီး မှန်တင်ခုံရှေ့ဖယောင်းတိုင်ထွန်းပြီးထိုင်နေတဲ့ Jiji ဆီမရဲတရဲလျှောက်လာရင်း
"Jiji...."
မထူးသည့်အပြင် လှည့်ပင်မကြည့်....
ဘာလား.... မီးပျက်နေတာများလား.... အကြောက်လွန်နေတယ်ထင်ပါ့....
နောက်ကနေပုခုံးလေး သွားကိုင်လိုက်တော့ ပြန်လှည့်ကြည့်ပြီး ဖက်ထားကာ ခိုစီးထားလေရဲ့....
"အာ... Jiji.... ဘာလို့ အင်္ကျီမဝတ်ထားတာလဲ အမြန်ဝတ်"
ခုမှသေချာကြည့်မိတယ်.... Bikini ပဲဝတ်ထားပြီး ဘာအဝတ်မှမပါ.... အစောက ဆံပင်တွေကြောင့်သေချာသတိမထားမိ... Bikini ကလဲ ကြိုးတွေကိုတည်းတည်းချည်ထားပြီး ထိမိတာနဲ့ပြေကျမည့်ဟန်....
ဘုရားရေ.... ဒီကလေးမ ဆေးစားမှားနေရော့လား.... ညကြီးအချိန်မတော် bikini ဝတ်စုံကြီးဝတ်လို့.... မဟုတ်မှ ကမ်းခြေထပ်သွားချင်လို့များလား....
"ဘာလို့လဲ... Oppa မကြိုက်ဘူးလား"
"ဟင်.... ကြိုက်.... အယ်.... ကလေးရာ... ဒီလောက်အေးနေတာကို အဝတ်ထူထူမြန်မြန်ဝတ်.... လာ... Oppa... ဝတ်ပေးမယ်"
"ဟင့်အင်း... မဝတ်ချင်ပါဘူး... ဒီလိုဝတ်ရတာ သက်သောင့်သက်သာရှိတယ်...."
အဟင်း.... သူကသက်သောင့်သက်သာရှိနေ....
လူကိုတွန်းပြီး ခုတင်ပေါ်ထိုင်ခိုင်းတာကြောင့် ထိုင်လိုက်ရသည်။ မထင်မှတ်ဘဲ လူပေါ်ခွထိုင်လိုက်တာကြောင့် ကြက်သည်းဖျင်းခနဲထကာ စိတ်ကနတ်ပြည်တက်သွားသည်။