♥Unicode♥
မနက်စာစားပြီး ဆေးရုံသွားဖို့ပြင်ဆင်နေတုန်း
"oppa.... ဒီနေ့အစောပြန်ခဲ့နော် Jiji ပြောစရာရှိတယ်"
အင်္ကျီကြယ်သီးတပ်နေရင်း
"အင်း... ခုပြောလဲရတယ်လေ ကိုယ်နောက်မကျသေးဘူး"
"arrnyi... ညနေမှပြောမယ်"
"ကောင်းပြီလေ.... ဒါဆိုညနေမှတွေ့မယ်"
အပြင်ထွက်ဖို့ခြေလှမ်းပြင်နေဆဲ နောက်ကနေခါးကိုတင်းနေအောင်ဖက်လိုက်တာကြောင့် ရပ်လိုက်ပြီး ခါးပေါ်ကလက်လေးနှစ်ဖက်ကိုဆုပ်ကိုင်ကာ
"Jiji... ဘာဖြစ်လို့လဲ နေကောကောင်းရဲ့လား oppa ဆေးရုံမသွားပဲနေရမလား"
"ဟင့်အင်း... ခဏလေး"
ကျောပြင်ကပူနွေးပြီးစိုစွတ်လာတာကြောင့်
"Jiji... ကလေးလေး အဆင်ပြေရဲ့လား ဘာဖြစ်လို့လဲကိုယ့်ကိုပြော"
"ဘာမှမဖြစ်ဘူး... Oppa သွားမှာဆိုသွားတော့လေ"
"တကယ်ဘာမှမဖြစ်ဘူးနော်"
"အင်း"
"ဒါဆိုကိုယ်သွားပြီနော်.... တစ်ခုခုဆိုဖုန်းတန်းဆက်နော်"
ထားသာထားခဲ့ရတယ် စိတ်တော့မချ...။ ဒီကလေးဘာတွေဖြစ်နေတာပါလိမ့်.... ။
...........................
Flash back....
လွန်ခဲ့သောဆယ်နှစ်ခန့်က.....
"oppa.... သွားကောက်ပေး"
နှုတ်ခမ်းလေးဆူပြီး လက်ကိုဆွဲရမ်းကာ ပူဆာနေတဲ့ကလေးမလေးကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချကာ
" ခဏစောင့်နော် လမ်းကူးလို့ရရင် oppa သွားကောက်ပေးမယ် ဟုတ်ပြီလား"
"မရဘူး... မရဘူး.... ခုကောက်ပေး.... မကောက်ပေးရင်ငိုမှာနော်"
"Jiji... မဆိုးနဲ့နော် oppa ပြန်ကောက်ပေးမယ်ပြောနေတယ်လေ ခဏလေးစောင့်ရမှာကိုဘာဖြစ်နေတာလဲ"
နှစ်ယောက်သား လမ်းဘေးပလပ်ဖောင်းပေါ်ရပ်ပြီး အခြေအတင်စကားများနေကြလေရဲ့