♥Unicode♥OMG... ဘုရားရေ အမြင်များမှားနေသလား မျက်လုံးတွေကိုလက်နှစ်ဖက်နဲ့ပွတ်သပ်ပြီး ပြူးပြဲကြည့်မိသည်အထိ ပါးစပ်အဟောင်းသား....
ဘေးက Tae နဲ့ လူကြီးတွေကိုကြည့်တော့လဲ တအံ့တသြနဲ့ ပြုံးပြုံးကြီးတွေကြည့်လို့.....
မှိုရတဲ့မျက်နှာကြီးနဲ့ပြုံးဖီးပြီး Restaurant ထဲကိုခြေလှမ်းကျဲကြီးနဲ့လှမ်းလာသော Min Yoon Gi.... ကျွန်တော်တို့တင်မျက်လုံးပြူးကြီးနဲ့ငေးနေတာမဟုတ်ဘူးနော် တစ်ဆိုင်လုံးရဲ့မျက်လုံးတွေကသူ့ဆီမှာ....
ဘယ့်နှယ့်... တစ်သက်နဲ့တစ်ကိုယ် ဒီအစ်ကိုတစ်ယောက် နွားသိုးကြိုးပြတ် အိန္ဒြေမဆည်နိုင်ဖြစ်နေတာကြီး ခုမှမြင်ဖူးတာ.... Jiji ကိုပွေ့လာတာများ.....ဟင်း.... ခုမှရည်းစားစထားဖူးတဲ့သူငယ်နာမစင်တဲ့ကလေးကျနေတာပဲ.... အထူးအဆန်းဝိုင်းကြည့်နေကြတာကောသတိထားမိရဲ့လားမသိ.... နှစ်ယောက်တစ်ကမ္ဘာတည်နေတာကြီးကလေ.....
"သားရယ်.... Omma ကသားတို့ပြန်သွားပြီတောင်ထင်တာ"
အမလေး.... အဖြစ်သည်းနေချက်.... Omma ပြောတာတောင်ပြန်ဖြေမအားဘဲ Jiji ကိုခုံပေါ်တင်ပေးပြီး
"ကလေးဘာစားချင်လဲ ကိုယ်သွားယူပေးမယ်"
အမလေး ကလေးတဲ့.... ဘယ်အချိန်ကများ ဒီလိုသည်းသည်းလှုပ်သွားတာလဲ... ငါ့နှယ်နော်... ခုမှလတ်လတ်ဆတ်ဆတ်မင်္ဂလာဆောင်ထားရတဲ့လူကဘာမှမဖြစ်ရဘူး.... သူတို့က.... ဟင်း.... ထပြီး တိုင်နဲ့ခေါင်းနဲ့ ပြေးဆောင့်ပြီးသာ သေချင်တော့တယ်
"ရတယ်... Oppa ကြိုက်တာမှာလိုက်"
Jiji မကတော့.....အဟင်း.....သူ့တို့ကိုကြည့်ရင်း စိတ်ထဲကလိကလိနဲ့ ပြောချင်တာဆိုတာကိုလေ မနည်းပါးစပ်ပိတ်ထားရတယ်
"အဟမ်း.... လူကြီးတွေရှိတာလဲသတိထားကြဦး"
ချောင်းဟန့်လိုက်ပြီး အံကြိတ်ပြောလိုက်သော်လည်း ဘေးလူတွေကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်မထင်.... ဂရုမစိုက်ဘဲ.... သဲသဲလှုပ်ချစ်ပြနေလိုက်ကြတာ FA တွေမြင်ရင်သေချင်စိတ်ပါပေါက်သွားမယ်...။
![](https://img.wattpad.com/cover/178641982-288-k93997.jpg)