♥Unicode♥
ဆေးရုံကဆင်းရပေမယ့် တစ်လလောက်ခွင့်ယူကာပြန်လည်ထူထောင်ရေးလုပ်ငန်းစတင်ခဲ့သည်
ထိုကာလအတွင်း Jiji ကဘေးမှာဂရုစိုက်ပေးရှာ သည်Tae နဲ့ Kook ကလည်းဘယ်ချိန်ကတည်းကကြိတ်တွဲနေသည်မသိ လက်ထပ်ကြပေတော့မည် Tae စိတ်တိုင်းကျ ဂျယ်ဂျူဒိုမှာ ကမ်းခြေမင်္ဂလာပွဲကျင်းပမည်တဲ့ တစ်လလောက်တော့လိုသေးသည်
ရာသီဥတုကပူစပ်စပ်ရှိ၍ ရေချိုးရန် အိပ်ယာထဲကအထ Jiji ကပြေးလာပြီး
"Oppa... ဘယ်သွားမလို့လဲ...."
"ရေချိုးချင်လို့"
"တစ်ယောက်တည်းစွတ်စွတ်မထနဲ့ ထချင်ရင် Jiji ကိုခေါ်လိုက်"
တတွတ်တွတ်နဲ့ပွစိပွစိပြောပြီး ရေချိုးခန်းထဲထိလိုက်ပို့ပေးကာ
"Oppa.... ဂရုစိုက်ချိုးနော် ချော်လဲမယ်"
"ကိုယ်အကောင်းတိုင်းဖြစ်နေပါပြီကွာ.... ဒီလောက်စိတ်ပူနေရင် ရေပါတစ်ခါတည်းချိုးပေးသွားပါလား"
"အဲ့လိုလား"
မျက်နှာပြောင်ပြောင်နဲ့ ရယ်ကျဲကျဲပြောခဲ့ပြီး အခန်းထဲကထွက်လာခဲ့သည်
"ဒီကစိတ်ပူလို့ကို"
အောက်ထပ်ဆင်းကာ နေ့လည်စာပြင်လိုက်သည်
ထိုစဥ် ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ Myung Soo ဆီက"Hello... "
"ဘယ်လိုလဲ.... မတွေ့တာကြာပါရောလား"
"အင်း.... မလာဖြစ်ဘူး"
"ဒီညကော.... မအားဘူးလား"
"အင်း... ခုလောလောဆယ်မအားသေးဘူး"
"ဪ.... အင်းပါ.... မတွေ့တာကြာလို့ဖုန်းဆက်လိုက်တာ"
"ငါကနင်ဖုန်းမဆက်တော့ မေ့နေပြီတောင်ထင်တာ"
"မေ့စရာလား... သူငယ်ချင်းကောင်းတစ်ယောက်တွေ့ဖို့ဆိုတာလွယ်တာမှမဟုတ်တာ.... နင့်လိုသူငယ်ချင်းကောင်းကိုငါကဆုံးရှုံးမတဲ့လား"
"အပြောကတော့ ရွှေမန်းပဲ"
" အတည်ပြောတာပါဟ"
"အိုခေ... ငါအားတဲ့နေ့ ဖုန်းဆက်လိုက်မယ် ဘီယာတော့မသောက်ချင်ဘူး ကော်ဖီသောက်ကြတာပေါ့"