♥Unicode♥Dining room ထဲကော်ဖီထိုင်သောက်နေပေမယ့် စိတ်က ညက club မှာတွေ့ခဲ့တဲ့မိန်းမဆီသာ....
ချောလိုက်တာ.... အတော်လေးချောတဲ့မိန်းကလေး.... သူနဲ့ယှဥ်ရင် ငါဆိုတာမှေးမှိန်သွားသလို....
ပြည့်အိုင်လာတဲ့မျက်ရည်တွေကိုစီးဆင်းခွင့်မပေး ပုတ်ခတ်ကာဖယ်ထုတ်ပစ်သည်။
ငါကဘာလို့ငိုနေရမှာ.... ဘာအတွက်မျက်ရည်ကျရမှာလဲ.... ယောက်ျားတစ်ယောက်အတွက်လား.... ဒါမှမဟုတ် အဲ့ဒီ့မိန်းမကြောင့်လား... ဟင့်အင်း.... ဘာလို့မျက်ရည်ကျရမှာလဲ ငါ့ပါးပေါ်နင့်ကိုစီးဆင်းခွင့်မပြုဘူး.... ငါကစိတ်ပျော့တဲ့သူမှမဟုတ်တာ ဒီလောက်လေးနဲ့ မခံစားရဘူး...
ခေါင်းရမ်းကာ ဇွတ်ငြင်းဆန်နေမိပေမယ့် နှလုံးသားကာဆစ်ခနဲ နာကျင်ရပြန်သည်။ ဘာကဒီလောက်ထိဝမ်းနည်းစေတာလဲ အဖြေတော့ရှာမတွေ့.... ။
Oppa... ကငါ့ကိုမချစ်တော့ဘူးနဲ့တူပါတယ်။ အဟင်း.... နင်ရူးလိုက်တာ သူကဘယ်တုန်းကချစ်တယ်တစ်ခွန်းပြောဖူးလို့လဲ။ မျှော်လင့်နေ။ Park JiMin နင်ဟာလေ တော်တော်ရူး။ ဟိုက ဆန္ဒမပါဘဲလက်ထပ်ရလို့မုန်းချင်မုန်းနေမှာ။
ညကတွေ့ခဲ့တာသူ့ကောင်မလေးထင်ပါရဲ့။ ဘာလို့လဲ.... ဘာလို့အစကတည်းကမပြောတာလဲ။ ဘာလို့မင်္ဂလာပွဲကိုမငြင်းတာလဲ။ ခုမှ.... ခုမှ... ငါကဘာပြန်လုပ်ပေးရမှာလဲ.... ကွာရှင်းရမှာလား။
ငါ.... ငါ.... အဲ့လိုမလုပ်နိုင်ဘူး oppa ကိုမစွန့်လွှတ်နိုင်ဘူး။ ငါအတ္တကြီးနေလား။ ငါပျော်ဖို့ သူကစိတ်ဆင်းရဲနေရမှာလား။ နေပါဦး ငါကကော တကယ်ပျော်မှာမို့လား။ နင်အရူးပဲ။
လက်လွှတ်ပေးလိုက်တော့မယ်....။ ဟုတ်တယ်။ ဒါဆိုသူတို့သိပ်ပျော်နေမှပဲ။ ညက အဲ့မိန်းမနဲ့စကားပြောနေတော့ oppa ဘယ်လောက်တောင်ပျော်နေလိုက်လဲ ပြုံးပြီးစကားတွေပြောနေလိုက်တာများ.... ။
အိမ်ရှေ့ကကားရပ်သံကြောင့် အတွေးစတွေကိုလက်စသတ်ကာ မျက်ရည်တွေကိုလက်ခုံနဲ့ဖိသုတ်ရင်း ကော်ဖီဆက်သောက်နေလိုက်သည်။
အင်... ငါတွေးတာဘယ်လောက်ကြာသွားလဲမသိ အငွေ့တထောင်းထောင်းထနေတဲ့ကော်ဖီတွေတောင်အေးစက်လို့....