♥Unicode♥
"Jiji.... ကိုယ်တောင်းပန်ပါတယ်... မင်းကိုအစကတည်းကချစ်တယ်မပြောမိခဲ့လို့ ကိုယ်ကသေချာမစဥ်းစားမိဘဲအဆင့်ကျော်ပြီးတွေးခဲ့တာ မင်းဘယ်လိုစဥ်းစားမလဲမတွေးမိဘူး"
"စိတ်မဆိုးနဲ့တော့နော်.... Oppa ကဟိုးအရင်ကတည်းက ညီမလေးလိုမဟုတ်ဘဲ သံယောဇဉ်တွေပိုပြီးအရမ်းချစ်ခဲ့တာ"
"ကိုယ်ကချစ်တယ်မပြောမိလို့ ကလေးကအများကြီးလျှောက်တွေးနေမယ်မထင်ဘူးလေ အရူးလေး oppa ပြောတာနားထောင်နေလား "
"ကလေး ဒီဘက်လှည့်"
ကျောပေးပြီးထိုင်နေတာများ ကျောက်ရုပ်ကြီးကျလို့။ ပြန်လဲမပြော။ နားကောထောင်နေရဲ့လားမသိ။ ဒီကလေး အသက်ကောမှရှူရဲ့လား။
ဘေးနားကပ်ထိုင်လိုက်ပြီး နှာခေါင်းရှေ့လက်ညှိုးလေးထိုးခံလိုက်မှ
"အာ.... Oppa.... ဘာလုပ်တာလဲ"
"ဒီကပြောနေတာဘာမှပြန်မပြောလို့လေ အသက်ကောရှိသေးရဲ့လားလို့စမ်းကြည့်တာ"
"လူကို"
နှုတ်ခမ်းလေးစူပွပြီး အလိုမကျစွာပြောမှ လိုရင်း ရောက်အောင် စကားစလိုက်သည်။
"oppa ပြောတာကြားလား"
"အင်း... ဘာပြောတာလဲ"
"ချစ်တယ်လို့.... ခင်များလေးကိုအများကြီးချစ်ကြောင်းပြောနေတာ"
"ဟုတ်လား... ဘယ်တုန်းကလဲ"
"ကြည့်.... မသိချင်ယောင်ဆောင်နေပြန်ပြီ ကိုယ်အူယားလာပြီနော် စိတ်မထိန်းနိုင်ရင်"
"အခန်းတစ်ခန်းယူလိုက် ဒီညဒီမှာအိပ်ဖို့မစဥ်းစားနဲ့"
"ကလေးနော် ခြောက်လကြီးတောင်ခွဲသွားပြီး ခုမှပြန်တွေ့ရတဲ့ဟာကို မရက်စက်နဲ့ကွာ"
" မရဘူးနော်... စိတ်ကြည်သေးတာမဟုတ်ဘူး သွားတော့"
နှင်တော့လဲထွက်သွားရတာပေါ့။ Reception သွားကာ အခန်းယူတော့ ခရီးသွားရာသီမို့ဧည့်သည်တွေပြည့်နေသည်တဲ့။ လိုချင်တာဒါပဲလေ:9။ လူယုတ်မာအပြုံးကြီးဆင်မြန်းလိုက်ပြီး ကောက်စိန်လေးဆီပြန်လာလိုက်တယ်။