"ဟဲ့...ဟဲ့...ကြားကြလား...အရင်တလောက Park Jimin ကိုဆံပင်စောင့်ဆွဲတဲ့မိန်းကလေးလေ.....သူ့မိသားစုစီးပွားပျက်ပြီး....ခု....သူတောင်ကျောင်းမတက်နိုင်တော့ဘူးတဲ့"
"ဟယ်....ဟုတ်လား......"
"အေး......ငါ့ကိုအဲ့အတန်းကတစ်ယောက်ပြောလိုက်တာ...."
"ဒါဆို Park Jimin လုပ်လိုက်တာလား"
"မဟုတ်မှ Min Kookie လား.....သူက ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက်တွဲပေမယ့်...Park Jimin ကိုထိရင်လုံးဝမကြိုက်ဘူးတဲ့နော်....သူတွဲနေတဲ့ကောင်မလေးတွေလဲ Park Jimin က ဖြတ်ဆိုတန်းဖြတ်လိုက်တာလို့ပြောတယ်....."
"အေး.....ငါလည်းကြားတယ်.....ဆံပင်ဆွဲတာကိုမြင်တော့ Min kookie အတော်ဒေါသထွက်နေတာတဲ့....အဲ့ဒါကို မကျေနပ်လို့ ဟိုကောင်မလေးမိသားစုကိုစီးပွားပျက်အောင်လုပ်လိုက်တာလား....."
"ဖြစ်နိုင်တယ်.....ဖြစ်နိုင်တယ်.....KM နဲ့ UG ဆိုတာ နည်းတဲ့အင်အားစုမှမဟုတ်တာ သူတို့မလုပ်နိုင်တာ ဘာမှမရှိဘူး"
"ဒီလောက်ကတော့လုပ်မှာပေါ့ဟယ် နိုင်ငံခြားမှာတောင်ကျောင်းဆက်မတက်တော့ပဲ ဒီပြန်လာတာပဲကြည့် တော်ရုံချစ်တာလောက်နဲ့တော့ ဘယ်သူမှဒီလောက်မပေးဆပ်ဘူး"
ဒီသတင်းက ကျွန်မတို့ uni မှာ လူပြောအများဆုံးဖြစ်လာခဲ့ပါတယ်......ဒါပေမယ့်.....ဒီမိန်းကလေးမိသားစုစီးပွားပျက်အောင် ကျွန်မကော....kookie ကော....ဘာမှမလုပ်ရသေးပါဘူး.....အရာအားလုံးက အကျိုးအကြောင်းတိုက်ဆိုင်တာပဲလား.....ကြားတာတော့.....နေစရာအိမ်တောင်မရှိတော့ဘူးလို့ကြားပါတယ်......
ကိုယ်လုပ်မယ်ဆိုလဲ ဒီလောက်ဖြစ်အောင်ထိလုပ်မှာအမှန်ပဲ။ ဒါ့ကြောင့် ဒီသတင်းကို ထွေထူးပြီး ဖြေရှင်းမနေပါ။
Kook: ဘယ်လိုဖြစ်တာပါလိမ့်.....ရုတ်တရက်ကြီး....
Jm: wae?
Kook: ဒီလိုလေဟာ....ငါစုံစမ်းတုန်းတန်းလန်းကြီးရှိသေးတယ် ရုတ်တရက်အ့လိုဖြစ်သွားတော့ စိတ်ထဲမတင်မကျနဲ့ အာ....ငါကိုယ်တိုင်ပညာပေးချင်တယ်ဆိုမှ
