♥Unicode♥
OMG.... ဘုရားသကြားမလို့ ငါ့ရှရာကြီးကိုကုသပေးတော်မူပါ....
ဘာတဲ့.... Myung Soo နဲ့ Joon နဲ့ကအတွဲတွေတဲ့... ကုန်ပါပြီ..... မျက်စိရှေ့ရောက်လာတဲ့ အဆင်တွေက အတွဲတဲ့လား.... အမလေး.... ရှရာဗလပွနဲ့ ငါ့နှလုံးသားလေး.... ဗြဲ.....
မူးရူးပြီး... ပြောချင်ရာတွေလျှောက်ပြောပြီး ငိုလိုက်....Yoon Gi ပါးနှစ်ဖက်ကိုဆွဲဖိလိုက်...
အဟိ.... သူတို့တွဲနေလဲ ဘာဖြစ်လဲ... ငါဆက်ငမ်းလို့ရတာပဲ.... 😙
ငိုလိုက်ရီလိုက်နဲ့ သံသရာတွေလည်နေရင်း Yoon Gi ကတော့ကလေးထိန်းကြီးကိုဖြစ်လို့....
"ဟင့်.... ငါ့မှာလဲ သူတို့ထက်မလျော့အောင် ချေ တဲ့ Oppa ရှိသားပဲ... Myung Soo မ ဂုဏ်လာဆာပြနေ.... ပြန်ကြွားလိုက်လို့ ကောင်မ ဆွံ့အနားမကြားဖြစ်သွားမယ်...ဟွင်း... ဟွင်း...."
ထိုင်နေရင်း ဆတ်ခနဲ Yoon Gi ဘက်ပြန်လှည့်ကာ ပါးနှစ်ဖက်ကိုဖြစ်ညှစ်ဆွဲရင်း
"ဟုတ်တယ်မလား... Oppa.... ဟင့်... မနက်မှ ပြန်ကြွားပစ်မယ်.... သူကဘဲချောချောလေးပဲရတာ.... ငါကယောက်ျားချောချောလေးပါရတယ်.... ဟင့်"
"Jiji အိပ်တော့နော် လိမ္မာတယ် "
"ဟင့်အင်း အိပ်ချင်သေးဘူး oppa နဲ့စကားပြောမယ်လေ"
ဗုဒ္ဓေါ.... ရစ်စိန်က ကျွန်တော်နဲ့စကားပြောမယ်တဲ့လား....
"မဟုတ်သေးဘူးလေ.... Jiji ကိုယ့်စကားနားထောင် အခုအိပ်"
ကြောက်မလားလို့ဟောက်ကြည့်သော်လဲ ငမူးမလေးက မကြောက်တဲ့အပြင် လူပေါ်လာခွထိုင်ပြီး နှုတ်ခမ်းတထော်ထော်နဲ့ ပြောချင်ရာတွေလျှောက်ပြောနေလေရဲ့....
ဒါ သက်သက်လူကိုသမာဓိအားလာစမ်းတာ... 😎
ဘယ်ရမလဲ Min Yoon Gi တဲ့ တစ် Gi ထဲရှိတယ်....
ငမူးမလေးကို မပြီး ခုတင်ပေါ်ပစ်တင်လိုက်တယ်....ဟွင်း... ဟွင်း.... ပြီးတော့ ပက်လက်လေးနဲ့ ပွစိပွစိပြောနေတဲ့ ကလေးမကို စောင်နဲ့လုံးထွေးပြီး မုန့်ဖတ်ထုပ်လိုထုပ်ထားလိုက်တယ်....
နောက်ဆုံး ကိစ္စက ထိပ်ဝရောက်နေတော့ သန့်စင်ခန်းထဲ အပြေးဝင်ပြီးအမြန်ဖြေရှင်းရသေး....
