♥Unicode♥
Oppa ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုတွေလုပ်ရင်း တစ်လလောက်အနားယူပြီးမှ ပုံမှန်အတိုင်း
ကျောင်းသွားခဲ့တယ်.....Canteen မှာထိုင်ရင်း....လေပူတစ်ချက်မှုတ်ထုတ်ကာ....
"ဟူး.... နောက်နှစ်ဆိုငါဘွဲ့ရပြီပဲ...."
"နင်ဘွဲ့ရရင်ဘာလုပ်ဖို့စဥ်းစားထားလဲ"
"Appa ကုမ္ပဏီမှာဝင်လေ့လာဖြစ်မယ်....နင်ကော Kook"
"ငါလည်း omma ကိုဝိုင်းကူဖြစ်မယ်"
"အနာဂတ်အကြောင်းနောက်မှာထားဦး....နင်ခုဘယ်သူနဲ့တွဲနေလဲ"
"ဘယ်သူနဲ့မှမတွဲပါဘူး ဘာလို့လဲ"
Coad ဗူးကိုဆွဲဆောင်မှုရှိရှိသောက်နေတဲ့ Kook ကိုငေးပြီး
"ဘာမှဖြစ်ပါဘူး... ခုတလောနင်ငြိမ်နေတယ် ဘာသံမှမကြားရလို့"
"အဲ့တာမကောင်းဘူးလား....ငါဆုံးဖြတ်ထားတယ် နောက်ဆို ငါတကယ်ချစ်တဲ့သူနဲ့ပဲတွဲတော့မယ်"
"ဝမ်းသာစရာပဲ"
ပြောရင်းဖုန်းနံပါတ်တစ်ခုကိုနှိပ်ပြီးခေါ်နေတဲ့ jiji ကို မေးတစ်ချက်ငေါ့ပြကာ....
"ဘယ်သူ့ကိုခေါ်နေတာလဲ"
"ဟီး....Yoongi Oppa ကို"
သွားဖြဲပြပြီး ပြန်ဖြေနေတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ကာ
" ဘာလုပ်ဖို့လဲ....သူမအားဘူး ခုတလော ဆေးရုံမှာအလုပ်ရှုပ်နေတယ်ဆိုပြီး အိမ်ပြန်မလာတာတစ်ပတ်ရှိပြီ"
"ဟုတ်လား....အဲ...ဝင်သွားပြီ..."
"speaker ဖွင့်လိုက်"
"အိုခေ"
ဖုန်းကိုစားပွဲပေါ်တင်ကာ တစ်ဖက်ကအသံကိုစောင့်စားရင်း
"oppa ဒီညမအားဘူးဆိုသွားပါပြီ..."
"ဘာလုပ်မလို့လဲ Hyung နဲ့တွဲနေတာတော့မဟုတ်ဘူးမလား"
"ဟား..... ဟား.... မဟုတ်ပါဘူးဟယ်"
"Hello jiji ပြော"
"အယ်.... Oppa... Oppa..."
"ပြောပါဗျာ"
"ဒီညအားလားဟင်...."
"အင်း....ရှစ်နာရီလောက်ဆိုရင်တော့အားပြီ"
