♥Unicode♥လေဆိပ်ရောက်တော့ I Love My Family ဆိုတဲ့ဘုတ်လေးယူပြီးပြေးသွားလေရဲ့... ကျနော် ကိုတော့စကားမပြော
Omma တို့ရောက်လာတော့လဲ သူတို့နဲ့သာစကားပြောပြီး လူကိုအဖတ်မလုပ်
နည်းနည်းတော့တင်းလာပြီ... ဘာမဟုတ်တဲ့ ကိစ္စလေးကိုစိတ်ဆိုးနေရတယ်လို့... တစ်ခါတစ်လေတော့လဲ ယုံကြည်ချက်တွေပါပျောက်ဆုံးကုန်တယ်.... မင်းချစ်တာသေချာရဲ့လားကလေးရယ်....
မိသားစုစကားဝိုင်းထဲလက်ဆုံကျပြီး ပျော်မြူးနေတဲ့ကလေးမကို ထိုင်ပြီးသာငေးနေတော့သည်။
ဟုတ်သား... သူပျော်နေမှာပေါ့ ဒီလိုမိသားစုစုံစုံလင်လင်စကားပြောရတာ သူမအတွက် ဒါပထမဆုံးအကြိမ်ပေကိုး...ကျွန်တော့်မှာတော့ဘာစကားမှဝင်မပြောမိဘဲ ရှေ့ကနေ သွားသုံးဆယ့်ရှစ်ချောင်လုံးပေါ်အောင်သွားဖြီးနေတဲ့ကလေးမကိုသာ လစ်ရင်လစ်သလိုငေးရသည်။ မြင်သာမြင်မကြင်ရတဲ့ဘဝဆိုတာ ကျွန်တော့်များရွဲ့ပြောထားသလားမသိ
မင်္ဂလာဆောင်ပြီးကတည်းက Jiji ကမထိတထိလာလာစပြီး မသိခြင်ထောင်ထောင်ကာ ထွက်ထွက်သွား နောက်ကကျန်ခဲ့တဲ့ကောင်ကအရူးကြီးကိုဖြစ်လို့.....
ညစာစားပြီးကတည်းက မိသားစုစကားဝိုင်းစလိုက်တာ နံနက်တစ်နာရီလောက်မှ စကားတွေလက်စဖြတ်ရင်းနောက်နေ့မှထပ်ပြောကြပါတားယူရတဲ့အထိ....
တစ်နေကုန်ပင်ပန်းထားတာဆိုတော့ လူကဂါနေပြီ အိပ်ချင်စိတ်ကိုမနည်းထိန်းရင်း ကလေးမဘက်ကြည့်တော့ ငိုက်နေတာ သွားရည်တွေတောင်ကျလို့.... အာစ်း... ချစ်စရာလေးကွာ... အိပ်ငိုက်နေတာများချယ်ရီသီးလေးကျလို့... အာခေါင်ထဲထည့်ငုံထားချင်စရာလေး.... အတွေးဇိုးနဲ့ကြိတ်ပြုံးပြီး
"Jiji ထတော့ အခန်းထဲသွားအိပ်"
"ဟင်.... ပြန်ကုန်ကြပြီလား"
အိပ်ချင်မူးတူးရုပ်နဲ့ နှုတ်ခမ်းလေးဆူပြီးပြောနေတဲ့ကလေးမကိုအသည်းယားပြီး စိတ်ထဲကအကြိမ်ကြိမ်ပစ်မှားမိပေမယ့် လက်တွေ့ဘဝကြီးမှာတော့ အသားတောင်မထိရဲ...