♥Unicode♥
Oppa ထွက်သွားမှ ဖုန်းလေးကောက်ကိုင်ကာ Tae ဆီဖုန်းဆက်ပြီး
"အေး.... ပြော"
"Tae အပြင်သွားရအောင်"
"အိုခေလေ"
"ဒါဆို...Kook ကိုလဲခေါ်လိုက်မယ်"
"သဘော"
Tae နဲ့ပြောပြီး Kook ဆီဖုန်းဆက်တော့ ကျေးဇူးရှင်က ဇွတ်တွေခေါင်းညိတ်ရှာသည်
နာရီဝက်လောက်နေမှ တစ်ယောက်ပြီးတစ်ယောက်ဝင်ခေါ်ကာ Tae's Omma အသစ်ဖွင့်ထားတဲ့ Shopping mall ဆီသို့.....
ဝယ်ချင်တာဝယ်.... လျှောက်ကြည့်ချင်တာလျှောက်ကြည့်ပြီး နာရီကြည့်တော့ ညနေသုံးနာရီ
"Jiji... Hyung ကဘယ်ချိန်ပြန်လာမယ်မှာခဲ့လဲ"
"ဘာမှမပြောခဲ့ဘူး"
ပုခုံးတွန့်ပြကာ မသိချင်ယောင်ပြန်ဖြေရင်း
"Tae ဒီနေ့တစ်နေကုန်အားတယ်မလား"
"အားတာကအားတယ် အရင်ဖုန်းဖြေလိုက်ဦး....အစောကတည်းက နင့်ဖုန်းလာနေတာ"
"ဟုတ်လား... ငါအသံမကြားမိဘူး"
ပြောပြောဆိုဆိုနဲ့ အိတ်ထဲကဖုန်းကိုထုတ်ကြည့်မိတော့ oppa ဆီက... ဖုန်းဖြေမယ့်အစား စက်ကိုပိတ်ပစ်လိုက်ပြီး
"ဟဲ့.... ဟဲ့.... Kook... Club သွားမယ်"
"ဘာ... ဟာ.... မလုပ်နဲ့ Hyung... သိရင်ငါ့ကိုဆူလိမ့်မယ်"
"Tae"
"ငါကသွားလဲဖြစ်တယ် မသွားလဲဖြစ်တယ် "
"သွားရအောင်ဟာ မရောက်တာကြာပြီကို "
"သဘောဟာ.... သွား... သွား"
နောက်ဆုံးတော့သုံးရောက်သား club ကိုချီတက်ခဲ့ကြသည်
သောက်လိုက် စားလိုက် DJနောက်စီးမြောလိုက်နဲ့ အချိန်ကုန်လို့ကုန်မှန်းမသိ ဘေးကတစ်ယောက်ဝင်တိုက်လိုက်မှ လှည့်ကြည်ပြီး လူအုပ်ထဲကထွက်ကာ ထိုင်ပြီးဆက်သောက်နေလိုက်သည်။
"ဟေ့.... တစ်ယောက်တည်းလား"
"မဟုတ်ဘူး အဖော်ပါတယ်"
ထိုတစ်ယောက်က ဘေးနားလာထိုင်ပြီး
"တစ်ယောက်တည်းမပျင်းဘူးလား"