♥Unicode♥
ခန်းမထဲ၌ လူတွေစည်ကားနေပေပြီ.... နှစ်ဖက်မိသားစုက အဝင်ဝမှာဧည့်သည်တွေကိုဆီးကြိုနေကြသည်.... အထဲမှာတော့ တစ်ယောက်တစ်မျိုး မင်္ဂလာမောင်နှံကို မှတ်ချက်ပေးနေကြသည်....
"သတို့သားက သတို့သမီးထက်အသက်ပိုကြီးတယ်ဆို"
"ဟုတ်လောက်မယ်... ကောင်လေးကဆရာဝန်လို့ပြောတယ်"
"ပြောကြတာတော့ ခုနစ်နှစ် ရှစ်နှစ်လောက်ကြီးတယ်ဆိုလားပဲ"
"ဒီမင်္ဂလာဖိတ်စာရတော့ ကျမဖြင့်အံ့သြလိုက်တာ.... စီးပွားရေးသမားလဲမဟုတ်ဘဲနဲ့ ဘာလို့ဆရာဝန်တစ်ယောက်နဲ့ပေးစားကြပါလိမ့်"
"မဟုတ်မှ... ကိုယ်ဝန်တွေဘာတွေများရနေလို့လား"
"ကောင်မလေးအရင်ကောင်လေးဆုံးသွားတာ တစ်လကျော်လောက်ပဲကျန်သေးတယ်မလား"
"ဒီကောင်လေးကထိုးကျွေးခံရတာလား"
"မဖြစ်နိုင်လောက်ပါဘူး ကိုယ်ဝန်ရရင်တောင် တိတ်တဆိတ်ဖျက်ချပစ်နိုင်တဲ့မိသားစုပဲ... အဲ့တာကြောင့်တော့မဟုတ်နိုင်ပါဘူး တစ်ယောက်နဲ့တစ်ယောက်သဘောကျလို့နေမှာပါ"
"မိဘတွေကအတင်းပေးစားတာဆို"
"ကောင်မလေးက....ဒီကောင်လေးညီနဲ့လဲ ကျောင်းမှာဘာသံညာသံထွက်သေးတယ်ဆိုပဲ"
စသဖြင့်.... အထက်တန်းလွှာတွေနှုတ်ကထွက်ကျလာတဲ့ သို့လော သို့လောအသံတွေကစိုးမိုးထားသည်.....
မင်္ဂလာအခမ်းနားကတော့ မိသားစုအရှိန်ဝါကြောင့်စည်ကားလှပေမယ့် သတို့သမီးသတို့သားကတော့ အပြုံးအရီမရှိ သာမန်ကာနှုတ်ဆက်ပြီး မိဘတွေလက်ဖွဲ့ထားတဲ့အိမ်ကိုသာပြန်လာခဲ့သည်
Oppa ကိုချစ်ပေမယ့် တကယ့်တကယ်မင်္ဂလာဆောင်ရတော့ အမှန်တကယ်မပျော်ရွှင်နိုင် စိတ်ထဲကမပါတဲ့ချီးကျူးစကားတွေကိုလဲ နားမထောင်ချင်တော့ ငိုချပစ်ချင်ပေမယ့် အိမ်ထိအားတင်းပြန်လာရင်း အခန်းထဲပြေးဝင်ကာ တံခါး lock ချပြီးအော်ငိုမိသည်
အချိန်မည်မျှကြာသွားသည်မသိ Kook ဖုန်းဆက်မှ မျက်ရည်များကိုအသာအယာသုတ်ပြီး