♥Unicode♥
တစ်နိုင်ငံလုံးကို live လွင့်နေတာကြောင့် Tae နဲ့ Jiji အတူထိုင်ကြည့်ရင်း
"delpa.... လူတင်မဟုတ်ဘူး အပြောတွေကပါမိုက်တယ်...."
"အင်း... သူ့လိုသူငယ်ချင်းရှိလို့ဂုဏ်ယူရမလိုဖြစ်နေပြီ"
"အစကတော့ နင့်အတွက်စိုးရိမ်နေတာ ခုတော့စိတ်အေးရပြီ... တော်သေးတာပေါ့ Yoon Gi Oppa ကနင့်ကိုယုံလို့"
နှစ်ယောက်သားစကားတပြောပြောနဲ့ရယ်လိုက် မုန့်တွေဖောက်စားလိုက်နဲ့ Tae ကနေ့လည်စာစားချိန်မှပြန်သွားသည်
နေ့လည်စာစားပြီး အခန်းထဲဝင်ကာ တစ်မှေးလောက်မှေးမယ်စိတ်ကူးနေတုန်း Yoon Gi Oppa ကဝင်လာပြီး
"Jiji... ကိုယ်မနက်ဖြန်ဆေးရုံပြန်သွားရမယ်"
"ဟင်... ဘာလို့လဲ... နားပါဦးလား oppa ရယ်"
"ကိုယ်တကယ်သက်သာနေပါပြီ.... ကြည့်ပါလား ဘာမှမဖြစ်တော့ဘူး"
ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက်ကိုင်းပြနေတာကြောင့် တစ်ချက်မျှရီလိုက်ပြီး
"ကောင်းပြီလေ ဒါပေမယ့် နေ့တိုင်း မနက်ကိုးနာရီကနေ နေ့လည်ဆယ့်နှစ်ထိပဲနော် အချိန်စားရင်းပြောင်းပေးထားမယ်...."
"ကောင်းပါပြီဗျာ"
ဒီလိုဆိုတော့လဲ အာဏာတွေ ပိုင်ဆိုင်မှုတွေ ငွေတွေရှိတာအကောင်းသား.... ကိုယ်ပိုင်ဆေးရုံမို့ oppa အချိန်စားရင်းတွေကို ပြင်ပေးလို့ရသည်
တဖြည်းဖြည်းနဲ့ Kook တို့မင်္ဂလာပွဲကလဲနီးလာပေပြီ...အိပ်မရတဲ့အဆုံး အောက်ထပ်ဆင်းလာကာ Oppa ကိုလိုက်ရှာမိသည် အိမ်ရှေ့မှာထိုင်နေတာတွေ့မှ အနားသွားကာ ဘေးမှာဝင်ထိုင်ရင်း
"oppa... အပြင်မသွားချင်ဘူးလား"
"Jiji သွားချင်လို့လား"
"အင်း ဝယ်စရာလေး နည်းနည်းရှိလို့"
"ဒါဆိုကိုယ် လိုက်ပို့မယ်လေ"
"အင်း"
ကားထဲအပြေးဝင်ထိုင်တော့
"Jiji ထပ်ထည်မဝတ်တော့ဘူးလား"