♥Unicode♥အိမ်ကိုရောက်တော့ ရေမိုးချိုးကာလေလေးတချွန်ချွန်နဲ့ဆင်းလာတဲ့ Kook ကိုမြင်တော့ ဒေါသထောင်းခနဲထကာ
"Kook... ငါ့အခန်းထဲ ပြန်လိုက်ခဲ့"
အမိန့်ပေးတဲ့အသံနဲ့ ခပ်ဟောက်ဟောက်ပြောခဲ့ပြီး အပေါ်ထပ်တက်ခဲ့သည်.... ခဏနေမှ မျက်နှာငယ်နဲ့ အခန်းထဲတွန့်ဆုတ်တွန့်ဆုတ်ဖြင့်ဝင်လာသည်
"အခန်းတံခါးလော့ချလိုက်"
"ဗျာ... လော့တော့...."
"ချဆိုချလိုက်"
အခန်းတံခါးကိုလော့ချအပြီး အင်္ကျီကော်လံစကို ဆွဲမကာ
"မင်းလက်ချက်မလား"
တိုးတိုးလေးပေမယ့် အသံကဒေါသသံပါနေသည်
"မဟုတ်ပါဘူး ဘရားသားဘာသာ"
"ဟေ့ကောင်... မှန်မှန်ဖြေ"
အင်္ကျီကော်လံကိုခပ်တင်းတင်းထပ်ဆွဲကာ မေးတော့ လက်ကိုခါချကာ
"မဟုတ်ပါဘူးဆိုဗျာ..."
"omma တို့ကရောဘယ်လိုသိလဲ... အဲ့တာတော့ မင်းလိမ်လို့မရဘူး"
"ဟုတ်တယ်... ကျွန်တော်ဖုန်းဆက်ခေါ်လိုက်တာ"
"ခွပ်"
ဂျစ်ကန်ကန်ပြန်ပြောနေတဲ့ Kook ကိုဆွဲထိုးကာ
"မင်းလုပ်ရပ်ကြောင့် Jiji ဘယ်လောက်အရှက်ရမလဲတွေးမိလား အပြန် ငါ့ကိုတောင်တစ်ချက်လှည့်မကြည့်သွားဘူးကွ ငါ့ကိုဘယ်လောက်မုန်းနေမလဲ မင်းသိရဲ့လား ဟမ်"
ထိုစဥ် kook ဘောင်းဘီထဲက ဖုန်းသံကြောင့် နှစ်ယောက်လုံးအသံတိတ်ကာ ထုတ်ကြည့်မိတော့ Jiji ဆီက
"ကိုင်လိုက် specker ပါဖွင့်"
"ဟယ်လို ... Jiji ya.... ငါတောင်းပန်ပါတယ်"
ဟိုဘက်ကဘာမှမပြောခင် ကြိုတောင်းပန်လိုက်သည် Jiji ဖုန်းဆက်တာ မနက်ကကြောင့်ဆက်မှန်းသိသောကြောင့်ပင်
"အင်း... ရပါတယ်.... Oppa ရောဘယ်လိုနေသေးလဲ နင့်ကိုကောတစ်ခုခုလုပ်သေးလား"
"သူ့အခန်းထဲမှာ ရေချိုးနေရောပေါ့ ငါ့ကိုသာတစ်ခုခုလုပ်ရင်ဒီလိုနင်နဲ့ဖုန်းပြောနေရမှာမဟုတ်ဘူး"