Ep-19

1K 111 0
                                    


♥Unicode♥

Operation ခန်းရှေ့ ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက် VIP room ထဲကခုချိန်ထိသတိမရသေးတဲ့လူနာကိုပြေးကြည့်လိုက်နဲ့ Kook တစ်ယောက်အလုပ်ရှုပ်နေရှာသည်

အချိန်မတော် ဆေးရုံကဖုန်းဝင်လာတော့ နားထင်ကဒိုင်းကနဲစောင့်တက်သွားသည်

ပြန်သွားတာဖြင့်တစ်နာရီမပြည့်သေး accident ကြောင့်ဆေးရုံရောက်နေတယ်ဆိုတော့ လူကပူထူကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ

အိပ်ပျော်နေတဲ့ omma ကိုဇွတ်နှိုးကာ အကျိုးကြောင်းပြောပြရင်း Jiji မိဘတွေဆီအပြေးသွားရပြန်သည် အစကတော့ Jiji တစ်ယောက်တည်းဖြစ်တယ်ထင်တာ ဆေးရုံရောက်မှ Yoon Gi Hyung ပါဖြစ်မှန်းသိရသည်

Jiji ကတော့​ဘာမှကြီးကြီးမားမားမဖြစ်ပေ အပြင်ဒဏ်ရာအနည်းငယ်သာရပြီး လန့်ပြီးရှော့ရနေရုံသာ ခုထိတော့သတိမရသေး ဆရာဝန်ကစိုးရိမ်စရာမရှိဘူးပြောပေမယ့်​အတန်ကြာသတိမေ့နေတော့ စိုးရိမ်လာသည်

Hyung ကတော့​ ဦးခေါင်းနောက်မှာငါးချက်လောက်ချုပ်ရပြီး​ နံရိုးကျိုးသွားသည်တဲ့ အသက်​အန္တရာယ်​မစိုးရိမ်ရပေမယ့် ခုထိတော့ခွဲခန်းထဲကထွက်မလာသေး

ထိုစဥ် operation ခန်းထဲကဆရာဝန်ကြီးထွက်လာပြီး ခွဲစိတ်မှုအောင်မြင်ကြောင်း စိတ်အေးအေးထားပြီး မစိုးရိမ်ရန်မှာကြားသွားသည်

ထိုမှ သက်ပြင်းချကာ ခြေပစ်လက်ပစ်ထိုင်ချမိသည် ခဏနေတော့ Hyung ကိုလူနာခန်းထဲထည့်ကာ

"omma... ပြန်နားတော့... ကျွန်တော်ဆက်စောင့်လိုက်မယ်... အိပ်ရေးဝဝအိပ်ပြီးမှပြန်လာခဲ့"​

ဘာမှမပြောပဲမျက်ရည်တွေသာတစ်သွင်သွင်စီးကျနေတဲ့ Omma ကိုချော့မော့ကာ အတင်းပြန်လွှတ်ရသည်

"Jiji လေးကော သတိရပြီလားမသိဘူး omma Jiji ဆီခဏဝင်ကြည့်ပြီးမှပြန်တော့မယ်"​

"အင်း... Omma... Jiji ကဟိုဘက်ခန်း"​

"ဒုန်း"​

ပြောတုန်းရှိသေး အခန်းတံခါးကို ဇွတ်တွန်းဖွင့်ကာ အပြေးအလွှားရောက်လာတဲ့ Jiji... နောက်လဲ​သူ့မိဘတွေကအပြေးလိုက်လာပြန်သည်
Hyung​ ရှေ့ရောက်တော့​အရုပ်ကြိုးပြတ်ထိုင်ချကာ

🌈Buddy Honey🌈  ( COMPLETE )Where stories live. Discover now