♥Unicode♥
"ဖွားဖွား.... အရင်ကကိစ္စကြောင့်များ oppa က သူ့နှလုံးသားကိုစတေးပြီး Jiji ကိုဂရုစိုက်ပေးနေတာလားမသိဘူးနော်"
ချစ်ရတဲ့အဖွားဓါတ်ပုံကိုကြည့်ပြီး အတိတ်ကအဖြစ်ပျက်ကို ရေရွတ်နေမိသည်။
"ဒီလိုဆိုရင် Jiji အဲ့ဒီ့ဂရုစိုက်မှုတွေမလိုချင်ဘူး ဖွားဖွား"
"oppa ကိုလွတ်လပ်ခွင့်ပေးလိုက်ချင်ပြီ"
"သမီးနာကျင်ရမယ်ဆိုပေမယ့်လဲ Oppa ကိုတော့ပျော်စေချင်တယ်"
"ဒီအချုပ်အနှောင်ထဲမှာ ပိတ်လှောင်မထားချင်ဘူး"
"လွတ်လပ်စွာပျံသန်းခွင့်ပေးလိုက်တော့မယ်"
"အဲ့တုန်းက ကိစ္စအတွက်သမီးနောင်တအရမ်းရတာပဲ တကယ်ဆိုအဲ့လိုမလုပ်ခဲ့သင့်ဘူး"
"oppa လဲစိတ်မသက်မသာဖြစ်နေမှာပဲ"
" အတိတ်ကိုပြန်သွားလို့ရရင် အဲ့လိုကတိတွေ အတင်းကြပ်တောင်းခဲ့မိမှာမဟုတ်ဘူး"
"တောင်းပန်ပါတယ် ဖွားဖွား Jiji ကသိပ်ဆိုးနေလားဟင်"
နှလုံးသားကမ်းရိုးတန်းကနေလျှံတက်လာတဲ့ သွေးမျက်ရည်တွေကို မျက်ရည်မြစ်ဖျားက ဆားငန်ရည်တွေအဖြစ်ပြောင်းလဲပြီး ပါးပြင်တစ်လျှောက်ပူနွေးစွာ စီးဆင်းခွင့်ပြုနေခိုက် လှေကားကခြေသံကြောင့် ကဗျာကယာ မျက်ရည်မြစ်လေးကို ဖယ်ရှားလိုက်သည်။
"ဪ... Jiji ကဒီရောက်နေတာပဲ"
" အင်း.... ဘာကိစ္စရှိလို့လဲ"
အေးစက်ပြီးအက်နေတဲ့အသံက သိပ်မကျယ်ပေမယ့် အသံလုံခန်းထဲမှာတော့ ပဲ့တင်ရိုက်သွားသည်။
စိတ်မကြည်သေးဘူးဆိုတာသိပေမယ့် မပြောလို့ကလဲမဖြစ်
"စနေနေ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ် Jiji လိုက်ခဲ့မလား"
"ဟိုမိန်းမကောလာမှာလား"
"ဘယ်သူ.... ဪ... စီနီယာယူမီလား အင်း.... လာမှာပေါ့"
"ကောင်းပြီလေ လိုက်ခဲ့မယ်"
ချက်ချင်းဆိုသလို မျက်နှာလွှဲသွားပြီး အဖွားဓါတ်ပုံတွေကို ငေးနေတာကြောင့် တံခါးလေးအသာစေ့ပေးခဲ့ကာ အပြင်ထွက်လာလိုက်သည်။