အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

15K 256 10
                                    


*** အချစ်ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***
               
       #  အပိုင်း ၁ #

အချိန်​အားဖြင့်​ အလင်းရောင်​တို့နှင့်​ သက်​ဝင်​လှုပ်​ရှားသော  နေ့ဆိုတဲ့ ဖွဲ့တည်​မှုတစ်​ခုကို အပြီးသတ်
ဝါးမြိုလိုက်​ပြီးဖြစ်​တဲ့  ညခုနှစ်​နာရီစွန်းစွန်းဝန်းကျင်​...

" ဦးလေးမြင့်​ ..ရပ်​ ..ရပ်​ ..ဒီမှာဘဲ ရပ်​ပေးပါ ..."

" ဟေ .."

သူမ အသံလေးကြောင့်​ ဆိုင်​ကယ်​က ပုံမှန်​လေး
ပြေးနေရာမှ အရှိန်​လျှော့ချ၍ ရပ်​သွားကာ...

" ရော့ ..ဦးလေးမြင့်​ ..ကျေးဇူးဘဲနော်​.."

"မလိုပါဘူးကွ ...နေပါအုံး ..ညည်းက ...ညအချိန်​မတော်​ ဘယ်​သွားမှာလဲ ..."

"အဲ..ဟို..ဟို ..အဟင်း...ဦးလေးမြင့်​ကလဲ
ခုမှ ညဦးလေးဘဲ ရှိသေးတာပါ .
.မော..သူငယ်​ချင်း ဇင်​မာတို့နဲ့ ကမ်းနားမှာ
တုတ်​ထိုးစားဖို့ ချိန်းထားတာ ဦးလေးမြင့်​ရဲ့ ...
အဟင်း ..သွားပြီးနော်​ .."

သူမ စကားစဖြတ်​ပြီး အလျင်​စလို လှည့်​ထွက်​ခဲ့သည်
ဒါတောင်​ ..

" ဟ ...ကမ်းနားမှာ တဲ့ ...ခုလဲ ကမ်းနားရောက်
နေပြီးဟာကို ဒီကောင်​မလေး ..တုတ်​ထိုးလာစားတာ ကျောပိုးအိတ်​ပါ ယူလာပါလား...ညည်းသူငယ်​ချင်းက ဘယ်​နားတုန်း..."

"ကျစ်​ ..."

သူမ လက်​လေးဘဲပြပြီး အပြေးတပိုင်းဖြင့်​ ခြေလှမ်း
စသည်​...

"ဟူးး..ခုခေတ်​ ခလေးတွေ တယ်​မလွယ်ဘူးဘဲ .."

သူမကတော့ ..နောက်​ကအသံကို ဥပေက္ခာပြု၍
စိတ်​၏စေရာ အရပ်​သို့ ဦးတည်​နေသော
ခပ်​သုတ်​သုတ်​လှမ်းနေတဲ့ ခြေလှမ်းတွေက
ရင်​ခုန်​သံတို့နှင့်​ အပြိုင်​ ...

စိတ်​လှုပ်​ရှားမှုက လက်​ဖျားလေးတွေပါ အေးစက်​စက်
ဖြစ်​စေခဲ့သည်​...

ဆိုင်​ကယ်​ကို သူမသွားမဲ့ တည်​နေရာထိ ဆက်​မစီးတာက သူမသွားမဲ့ နေရာကို အသိပေးလို့မဖြစ်​...
ဦးလေးမြင့်​က သူမတို့ ရပ်​ကွက်​ထဲမှာ ဆိုင်​ကယ်​ Taxi ဆွဲတဲ့ လူကြီး မဟုတ်​ပါလား...

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now