*** အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက် ***
# အပိုင်း ၃၃ #
မင်းရဲသိုက် ဆိုင်တစ်ခုထဲသို့ ဝင်လာစဉ်..
" ဟာ ...ရဲသိုက် ..မင်း ရဲသိုက်မဟုတ်လား..."
"ဗျာ ... ဟင် ..ဗညား ..."
" ဟုတ်ပါတယ်ကွာ ငါပါ ...မင်း ဟုတ်မှ ဟုတ်ပါ့မလားလို့ဆိုင်ထဲ
ဝင်လာကတည်းက ကြည့်နေတာကွ ...လာ ထိုင်ကွာ ..."" အင်း..."
ကျောင်းတုန်းက သူငယ်ချင်း ဗညားဖြစ်နေ၍ ရဲသိုက် ဝင်ထိုင်လိုက်သည်.
" ငါတို့ မတွေ့တာကြာပြီးနော် ဗညား...မင်းအဆင်ပြေရဲ့လား"
"ကြာပေါ့ကွာ ..ငါ သင်္ဘော မလိုက်ခင်ကတည်းကဆိုတော့ ...
ငါ အဆင်ပြေပါတယ်..မျိုးနဲ့ ငါ လက်ထပ် ကြတာ ခြောက်လဘဲ
ရှိသေးတာကွ .. အဟွန်း...မင်းကရော သိုက် အဆင်ပြေလား .
.ဒါနဲ့ ထားရော မပါလာဘူးလား ..."ထားကို မေးတော့ ရဲသိုက် မျက်နှာပျက်သွားသည်.
" ဟင် ..ကိုရဲသိုက်ပါလား..."
ဗညားရဲ့ ဇနီး မေမျိုး သန့်စင်ခန်းသွားပြီး ပြန်လာရင်းမှ ရဲသိုက်ကို တွေ့၍ မျက်ခုံးပင့်သွားသည်
မေမျိုးက ထားရဲ့ သူငယ်ချင်းပါ .. မေမျိုး ရဲ့သူငယ်ချင်းဖြစ်လို့ဘဲ
ဗညားရဲ့ သူငယ်ချင်းဖြစ်တဲ့ ရဲသိုက်နဲ့ ထား ဆုံခဲ့တာဖြစ်သည်..." ရှင့် ကိုတွေ့တော့ အရမ်းဝမ်းသာတာဘဲ ကိုရဲသိုက်ရယ် .
.ကျွန်မက နယ်ဘက်မှာ ထာဝန်ကျသွားတယ်ဆိုတော့ ထားနဲ့
မတွေ့ဖြစ်တာ ကြာပြီးရှင့်.."ထားနာမည်တွေဘဲ မိုးမွှန်အောင် ပြောနေကြတဲ့
လင်မယားရှေ့မှာ ရဲသိုက်မွှန်းကြပ်လာခဲ့သည်.." ဒါနဲ့ ထားရော မပါဘူးလားဟင် ..ရှင်တို့ခလေးလဲ
တော်တော်ကြီးနေရောပေါ့ အဟင်း ဟင်း...ရှင် တို့က
လက်ထပ်တာနဲ့ ခလေးတန်းယူတာဆိုတော့ ..."" ဗျာ ...ဟာ ..."
ရဲသိုက် မျက်လုံးတွေ မိုက်ခနဲ့ ဖြစ်သွားသည်...ဘာတွေလဲ ...
VOUS LISEZ
အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete
Roman d'amourအွန်လိုင်းက စာေ၇းဆ၇ာမလေး အချိန်တိုင်း ဖြူဖြူ (ယခင် evertime )၏ လက်၇ာမွန်