*** အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက် ***# အပိုင်း ၂၇ #
မော ခြံဝင်းထဲက ဒန်းလေးမှာ ငေးငေးလေးထိုင်နေမိ
သည်...ရင်ထဲမှာ ရှုပ်ထွေးဝေခွဲမရမှုတွေက မော
စိတ်ကို ပိုပြီး နွမ်းလျစေသည် ...မေမေတို့ဘက်က ကိုကြီးရဲ့ ကမ်းလှမ်းချက်ကို လက်ခံကြည်ဖြူစေချင်တဲ့ သဘောနှင့် မောကို စကားခင်းထားခဲ့သည် မဟုတ်လား...
" လူတစ်ယောက်ရဲ့ဘဝမှာ အမှားဆိုတာ ရှိတတ်စမြဲဘဲ သမီးလေးရယ် ... အဓိကက အဲဒီလူဟာ သူ့အမှားကို သိပြီး ပြင်ဆင်လာတဲ့အပေါ်မှာ မူတည်တာပါ
ကွယ် ... မောင်နေ့ရက် ဟာ မှားခဲ့တယ် ဒါပေမဲ့
အဲဒီအမှားဟာ သူ့ဘဝတိုးတက်ရေးနဲ့ အနာဂတ်မှာ
ဘဝတစ်ခုကို တည့်တံ့စွာ ရပ်တည်နိုင်ဖို့ ရွေးချယ်ခဲ့တဲ့ အမှားဘဲ သမီး ...အဲဒါဟာ ဘဝကို အလေး
အနက်ထားတဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးဘဲပေါ့ ...."အော် ...ဘဝကိုအလေးအနက်ထားတဲ့
လူတစ်ယောက်ရဲ့ တန်ဖိုးတဲ့လား မေမေရယ် ...
အဲဒီလူရဲ့ တန်ဖိုးအတွက် ကျန်လူတစ်ယောက်က
သေလုမျောပါ ခံစားခဲ့ရတာကို မေမေ မတွေးမိလေ
ရော့သလားရှင် ..မော မေမေ့ကို ငေးရင်း ရင်ထဲမှာဘဲ မေးမိသည်...
မေမေက စကားဆက်သည်" ပြီးတော့ ..သူ့ရဲ့ အမှားထဲမှာ မေမေကလဲ အပြစ်မကင်းခဲ့ဘူး သမီး..."
" ရှင် ..."
မော မေမေ့ကို တအံ့တသြလေး ကြည့်လာသည်...
ဒေါ်တမာချိုက လေးနက်သော မျက်ဝန်းဖြင့် သမီး
ငယ်ကို ကြင်နာစွာ ငေးကြည့်သည်ထိုအချိန်က သူမဟာ နေ့ရက်ကောင်းကို သွားရောက်
တောင်းဆိုတားမြှစ်တာထက် ကိုယ့်သမီးကို နားလည်
အောင်ပြောသင့်သည် မဟုတ်လား...
ကိုယ့်သမီးဟာ ဆိုးမိုက်တဲ့ ခလေးလဲမဟုတ်ပါဘဲ
သမီးကို အကျိုးအကြောင်းတရားရှင်းလင်းစွာ
ရှင်းပြပြီး စည်းရုံးဖို့ မကြိုးစားဘဲ ယောက်ျားလေး
ဘက်ကို သွားရောက် တားမြှစ်ခဲ့တာ သူမရဲ့ မိုက်မဲမှုဘဲ
ဖြစ်လေသည် ... အဲဒီလို သွားပြောခဲ့ခြင်းအားဖြင့်
ကိုယ်ဟာ ကိုယ့်သမီးကို မနိုင်နင်းသော အုပ်ထိန်းသူ
အဖြစ် ကြေငြာလိုက်သလို ဖြစ်နေတဲ့ ရှက်စရာ
အဖြစ်လို့ မတွေးမိခဲ့ ...
ဒါပေမဲ့ ..နေ့ရက်ကောင်းဟာ ရည်မွန်နားလည်တတ်တဲ့
လူငယ်လေးပီပီ သူမရဲ့ တောင်းဆိုမှုကို
လှိုက်လှိုက်လှဲလှဲလက်ခံခဲ့ပါသည်...
နောက်ကျသွားတဲ့ အချိန်ကျမှ ကိုယ်တွေးမိတာက
တကယ်လို့ နေ့ရက်ကောင်းကို မဟုတ်ဘဲ
သူမသမီးလေးကိုသာ ကျောင်းပြီးမှ လက်ထပ်ဖို့
ပြောခဲ့မိရင် သမီးလေးကလဲ ဝမ်းသာအားရလက်
ခံမည်မှာ မလွှဲပါဘူး...အခုတော့ အဲဒီလို မဟုတ်ပါဘဲ
သမီးကို တခြားနယ်တစ်ခုသို့ ပို့ပစ်ရန် ခြိမ်းချောက်ခဲ့သေးသည် ...
VOCÊ ESTÁ LENDO
အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete
Romanceအွန်လိုင်းက စာေ၇းဆ၇ာမလေး အချိန်တိုင်း ဖြူဖြူ (ယခင် evertime )၏ လက်၇ာမွန်