*** အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက် ***
# အပိုင်း ၁၆ #
" တောက် ....အသုံးမကျတဲ့ ကောင်တွေ ..."" ဖြောင့် ..ဖြောင်း."
" အ ..."
သူရှေ့မှာ ရပ်နေတဲ့ တပည့်နှစ်ယောက်ကို လက်ပြန်
တစ်ချက်စီ ရိုက်ပစ်လိုက်ပေမဲ့ နှစ်ယောက်မှာ
အသံတစ်ချက်သာ ထွက်ရဲပြီး ခေါင်းကြီးငုံ့ကာ တုတ်တုတ်မျှ မလှုပ်ရဲ...မခံမရပ်နိုင်ခြင်းကြောင့် မြေမခ မျက်နှာ တပြင်လုံးနီရဲနေ၏
" မင်း တို့ အပြစ် မင်းတို့ သိတယ် မဟုတ်လား..ငမန်း ...."
"သိ ..သိပါတယ် ဆရာ ..."
"တောက် ... "
သူ့ထက်ကောင်းကို မသိဘဲ သွားဆွလိုက်တဲ့ အဖြစ်ကို သူ ဒေါသဖြစ်လို့မဆုံး ...
ပန်ဆယ်ဆိုတဲ့ မိန်းမ သူ့ရှေ့မှာ ရှိနေရင် ငမန်းတို့လိုဘဲ သူရိုက်ချအပစ်ပေး၍ ပက်ပက်စက်စက်တွေ ပြောဆိုမိမှာ အသေအချာ...
ဘယ်လောက်ထိ ညံ့ဖျင်းလိုက်သည်လဲ...
ဒီလောက်ထင်ပေါ်တဲ့ လူကို မသိကြတာ ဘယ်လိုမှ
လက်ခံလို့မရနိုင် ...သူ့ထက်ကောင်းကို တက္ကသိုလ်ကျောင်းကအစ
နိုက်ကလပ် ဒေးကလပ် ကားပြိုင်တဲ့ကွင်းအဆုံး...
နောက်ဆုံး လောင်းကစားဝိုင်းတွေမှာတောင် မသိတဲ့
လူမရှိအောင် သူ့ထက်ကောင်းတို့ ထင်ပေါ်ပါသည်မသွားတဲ့နေရာဆိုတာ မရှိ ... သွားတဲ့နေရာမှာ
နာမည်တစ်လုံးကျန်ခဲ့တာလဲ သူ့ထက်ကောင်းပါဘဲ...ကျန်ခဲ့တဲ့ နာမည်က သူတပါးကို မျက်လုံးအပြူးသား
ဖြစ်စေအောင်ဖန်တီးတတ်ခဲ့နိုင်တဲ့ ရာထူးနှင့်ဖြစ်သည်ဆိုလျှင်
တွေးကြည့်တော့...တက္ကသိုလ် စတက်တဲ့စဉ်က ကျောင်းမှာ King လည်းဖြစ်
စီနီယာလည်းဖြစ်သော မြေမခကိုတောင် စီနီယာဆို၍
ဂရုစိုက်မည်မထင်နှင့် ..သူ့ထက်ကောင်းတို့က ပမာမခန့်ပုံစံနှင့်
တစ်ကျောင်းလုံးကို စိန်ခေါ်တဲ့မျက်နှာပေးနှင့် ဝင်လာခဲ့တာလေ ...
King ရာထူးကို ပိုင်ဆိုင်ထား၍ မိုက်ပါသည်ဆိုသော မြေမခသည်...သူ့ထက်ကောင်း ရောက်လာတာနဲ့ ဘေးချိတ်သွားပါသည်...
ချောမောသည် ထိပ်ထိပ်ကျဲချမ်းသာသည် ထီမထင်နဲ့
ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ အမူအကျင့်အားလုံးက
ကောင်မလေးတွေရဲ့ အသည်းဘဝင်မှာ ပေါ်ပြူလာဖြစ်လာကာအားလုံးရဲ့ ပါးစပ်ဖျားမှာ သူ့ထက်ကောင်း မှ သူ့ထက်ကောင်းနဲ့ ရေပန်းစားသွားသည်...ဘယ်လောက်ထိ ခံပြင်းစရာကောင်းလဲ ...
ESTÁS LEYENDO
အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete
Romanceအွန်လိုင်းက စာေ၇းဆ၇ာမလေး အချိန်တိုင်း ဖြူဖြူ (ယခင် evertime )၏ လက်၇ာမွန်