အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

2.1K 109 0
                                    

*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

          # အပိုင်း ၁၀ #

" မင်း ..."

"ရှူး ...ဒေါသမထွက်​ရဘူး..."

နှုတ်​ခမ်းပေါ်မှာ လက်​ညိုးလေးတင်​ပြီး
တားမြစ်​ကာ မော တစ်​ကိုယ်​လုံးကို သိမ်းပွေ့ဖက်
လိုက်​တာကြောင့်​...

"အို..ဘာလုပ်​တာလဲ."

" ခဏလေး မ ...ခဏလေးပါ ...ကျွန်​တော့်​ကို
သုံးဆယ့်​ငါးစက္ကန့်​ဘဲ ခွှင့်​ပြုပါ မရယ်​ နော်​..."

" ....."

ပခုံးထက်​မှာမေးအပ်​ပြီး လည်​တိုင်​နဲ့ ဂုတ်​သား
ဝင်းနုနုကြားမှာ ဝင်​သက်​ထွက်​သက်​လေနွေးနွေးက
ရိုက်​ခတ်​သွားလျက်​...

လှိုက်​ခါနေတဲ့တိုးလျလျအသံနှင့်​ တောင်းဆိုမှု
ကြောင့်​လား...ရုတ်​တရက်​အပြုအမူကို မှင်​သက်
သွားတာကြောင့်​လား မပြောတတ်​ မော အငိုက်​မိသူလို
တောင့်​တောင့်​လေး ငြိမ်​သက်​သွားသည်​...

သူကလဲ မော ကို ပွေ့ဖက်​ထားလျက်​ အသက်​ရှူသံနွေးနွေးကလွဲပြီးဘာသံမှထပ်​ထွက်​မလာပါ ...

တိတ်​ဆိတ်​သွားတဲ့ နှစ်​ယောက်​ကြားမှာ
စက္ကန့်​တွေ တချပ်​ချပ်​ကုန်​ဆုံးသွားခဲ့သည်​...

ထို့နောက်​ ... ကောင်း က သူတောင်းဆိုထားတဲ့
စက္ကန့်​ပြည့်​သွားပြီး ထင်​ရတဲ့အချိန်​မှာ...

" ကျေးဇူးပါ မ ရယ်​..."

" ......"

မော ကို ရင်​ခွင်​ထဲက ဆွဲခွာပြီး ရီဝေသောမျက်
ဝန်းဖြင့်​ ငုံ့စိုက်​ကြည့်​ကာ ပြောလိုက်​သည်

ပြောလာတဲ့ သူ့ကို မော ကမျက်​လုံးဝိုင်းလေးနဲ့
မော့ကြည့်​နေခဲ့ပြီး သတိမေ့နေသူလို...

အခုမှဘဲ မော ရဲ့သတိလက်​လွှတ်​ပုံစံလေးကို
ကောင်းသတိထားမိကာ ...

"ဟောဗျာ...အဟွန်း"

ဘာသံမှ မထွက်​နိုင်​ဘဲ မျက်​လုံးဝိုင်းလေး
နှင့်​ မှင်​သက်​မော့ငေးနေတဲ့ သူမကို ကြည့်​ပြီး
ကောင်း အံ့သြရွှန်းလဲ့စွာ ပြုံးကျသွား၏ ...

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Onde histórias criam vida. Descubra agora