အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.7K 100 5
                                    


*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

          #  အပိုင်း  ၂၂  #

" ဘယ်​လို ဖြစ်​တာလဲ လူလေးရာ ..."

ဘဘက ခရီးရောက်​မဆိုက်​ အမောဆို့သွားပုံနှင့်​စိတ်​မကောင်းစွာ
မေးလာသည်​...

" မသိဘူးဗျာ  ...ဒီကိစ္စလာရိုက်​ခတ်​လိုက်​တာ ရုတ်​တရက်​ကြီးဆိုတော့ ကျွန်​တော်​ နားမလည်​တော့တာ... တစ်​ခု သေချာတာကကျွန်​တော်
ချောက်​တွန်းခံရတာ သေချာတယ်​ ဘဘ ..."

ကောင်း တော်​တော်​လေးခံပြင်းပြီး ဒေါသလဲထွက်​သည်​ ..
.သူရဲစခန်းကို ရောက်​သွားတော့ စခန်းမှူးကြီးက ဖမ်းဆီးရမိထားတဲ့
ပစ္စည်းပမာဏပြောပြီးသူ့လက်​မှတ်​ပါတဲ့ ချက်​လက်​မှတ်​တစ်​ဆောင်
ပြလာသည်​...

သူအရမ်း အံ့သြသွားသည်​...သူ့လက်​မှတ်​နဲ့ တထေရာတည်းတူအောင်​ ထိုးထားတဲ့ လက်​မှတ်​က ဘာမှငြင်းလို့မရအောင်​ တူလွန်းနေသည်​...

ဒါပေမဲ့ ...သူ့လက်​မှတ်​မို့ လစ်​ဟာမှုကို ကောင်း ချက်​ချင်း သတိပြုမိသွားသလို..ပစ္စည်းလက်​ခံသူရဲ့ ထွက်​ဆိုချက်​ကလဲ ...ကောင်း နဲ့ ပတ်​သက်​သည်​ဟု ထင်​ချက်​ပေးဖို့ ထိရောက်​မှုမရှိ၍ သက်​သာသွားသည်​ဟု ပြောရမည်​...ဒါကြောင့်​ ...စခန်းမှူးကြီးလည်း ကောင်း လုပ်​ကြံခံရမှန်းလက်​ခံသွားသည်​...ကောင်း ကလဲ လွယ်​လွယ်​ အရှုံးပေးလက်​လျှော့
သူမှမဟုတ်​ဘဲ ...ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေက ကောင်း နာမည်​နဲ့မို့ သက်​သေအထောက်​အထားရှာနိုင်​ဖို့အတွက်​ သက်​ဆိုင်​ရာနှင့်​အကောင်းဆုံး လက်​တွဲသွားမည်​ဖြစ်​ကြောင်း လက်​မှတ်​ထိုးပြီး ပြန်​လာခဲ့သည်​...
သူ့ကို လုပ်​ကြံသူကို သူအမြန်​ဆုံးဖော်​ထုတ်​ရမည်​..

" ဒီကိစ္စတော်​တန်​ရုံ မဟုတ်​ဘူး ခလေး...ကျောက်​မျက်​ရတနာ
ပြပွဲအခမ်းအနားကလဲ နီးလာပြီးဆိုတော့..အဟမ်း..."

ဦးလမင်းထိန်​ စကားမဆက်​ဘဲ ချောင်းဟန့်​ပြီး
ကောင်း ကို လေးနက်​သောမျက်​ဝန်းဖြင့်​ကြည့်​လိုက်​သည်​..
.အစကတည်းက အလွန်​ငယ်​ရွယ်​သော ကောင်း က CEO ဖြစ်​ခဲ့ခြင်းအပေါ် အများစုကသိပ်​သဘောမတွေ့ပေမဲ့ ရှယ်​ယာရောနိုင်​ငံခြားဈေး
ကွက်​မှာပါ အထွတ်​အထိပ်​ကို နေရာယူထားခဲ့သောကုမ္ပဏီကြီးမို့ ဘာမှမတွန်းလှန်​နိုင်​ခဲ့ကြ...ဒါပေမဲ့ ...ကောင်းကို အလဲထိုးဖို့  မျက်​စိထောင့်
ထောက်​စူးစိုက်​နေခဲ့ကြမှာသေချာသည်​...ပြီးတော့  ကုမ္ပဏီနှစ်​ပတ်​လည်​အစည်းအဝေးတုန်းကလဲ CEO အုပ်​ချုပ်​တဲ့ကုမ္ပဏီကြီးက
ဘာမှမတင်​ပြခဲ့၍ မကျေမနပ်​ဖြစ်​သွားကြတာလဲ သိသာလှသည်​...
ကျောက်​မျက်​တနာရတနာပြပွဲမှာ ကောင်းဘက်​ကချွတ်​ယွင်းခဲ့မည်​ဆိုလျှင်​ CEO နေရာကို ကောင်းလက်​လွတ်​ရမည်​ဖြစ်​သည်​....
အတိုက်​အခံတွေ ကြားမှာ ကောင်း သည်​ အန္တရာယ်​အရှိဆုံးနေရာကို
ရောက်​နေပြီးလား....
ဒါဟာ အန္တရာယ်​ရဲ့ အငွေ့အသက်​ မဟုတ်​ပေဘူးလား ...

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Donde viven las historias. Descúbrelo ahora