အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.6K 94 0
                                    


*** အချစ်​ကို ရိုက်​ချိုး ခဲ့ပြီးနောက်​ ***

            # အပိုင်း ၂၃  #

ကောင်း ထွက်​သွားပြီးနောက်​ ...
မင်းရဲသိုက်​လဲ မောတို့ကို  တချက်​ကြည့်​ကာ အခန်းထဲသို့ဝင်​သွားသည်

" လာ ... မောလေး ကိုယ်​တို့ သွားကြမယ်​..."

"ဟင့်​အင်း ... ကျွန်​မ ကိုယ့်​ဘာသာ သွားလို့ ရတယ်​ ...ပြီးတော့ ဒါက ကျွန်​မအလုပ်​ချိန်​ပါ ...အလုပ်​ဆင်းမှ ကျွန်​မသွားမှာပါ ..."

"ဘာ ...ဘယ်​လို မောလေး ...ခလေး ဘာပြော
လိုက်​တာလဲ ...ခလေး ဒီမှာ ဆက်​နေမယ်​ ဆိုတဲ့ သဘောလား..."

"ဟုတ်​ပါတယ်​... ကျွန်​မ ဒီမှာ ဆက်​မနေလို့ ဘယ်​မှာ သွားနေရမှာလဲ ...ကျွန်​မက သူများငွေကို ယူပြီးဒီတိုင်း မျက်​နှာပြောင်​တိုက်​ထွက်​သွားရမှာလား..."

" ဟာကွာ..အဲဒီငွေတွေ ကိုယ်​ဖြေရှင်းပေးလို့ရတယ်​လေ ခလေးရာ. "

"ဟင့်​အင်း...ရှင်​ဖြေရှင်းပေးစရာမလိုဘူး...အဲဒီငွေတွကို ကျွန်​မကိုယ်​တိုင်​ဆပ်​ဖို့ စာချုပ်​ချုပ်​ထားခဲ့တာ ...ကျွန်​မနဲ့ဘဲ ဆိုင်​တယ်​..."

" ဟားး..."

ပြောရခက်​သော သူမလေးကြောင့်​ နေ့ရက်​ ဟားခနဲ
ဖြစ်​ကာ မတည်​မငြိမ်​လာသောစိတ်​ကြောင့်​ ဆံပင်
သိမ်းလှန်​ပစ်​သည်​...ပြီးမှ ..မော မျက်​ဝန်းလေးကို
သေချာစိုက်​ကြည့်​ကာ...

"မင်း သူ့ထက်​ကောင်းဆီကနေ ဘယ်​မှ ထွက်​မသွားဖို့
အကြောက်​အကန်​ငြင်းနေတာ စာချုပ်​တစ်ခုတည်းနဲ့ သက်​ဆိုင်​တာရော ဟုတ်​ရဲ့လား မော..."

"ရှင်​ ဘာပြောတာလဲ "

သူ့စကားက ဘာအဓိပ္ပါယ်​လဲ မော တကယ်​နားရှုပ်​သွားတာမို့
မေးလိုက်​ခြင်း ဖြစ်​သည်
နေ့ရက်​က မောကို စိုက်​ကြည့်​နေရင်းမှ ခံစားချက်​တို့ ပိုမိုပြင်းရှလာကာ

"သူ့လိုအရှိန်​အဝါ မြင့်​မားကျယ်​ပြန်​တဲ့ လူတစ်​ယောက်​အနားမှာ
နေရတာ သာယာသွားလို့ စာချုပ်​ကိုအကြောင်းပြပြီး ပေကပ်​နေတယ်​လို့ မထင်​ချင်​ပေမဲ့ ...အခု မင်းပုံစံက အဲဒီအတိုင်းဖြစ်​နေတယ်​ မော "

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now