အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.7K 99 0
                                    


***  အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

         #  အပိုင်း ၂၁  #

နှစ်​ချက်​ ဆင့်​ထိုးလိုက်​သောအရှိန်​ကြောင့်​ ကောင်း
ယိုင်​ထွက်​သွားသည်​....ဒါပေမဲ့ ...ချက်​ချင်း ပြန်​လှည့်​လာကာ ...

" ဒီလို မရဘူး..."

"ခွပ်​ ..."

"အ ..."

နေ့ရက်​လဲ ယိုင်​ထွက်​သွားခဲ့သည်​...

နှုတ်​ခမ်းထောင့်​ကနေသွေးတွေစိမ့်​ထွက်​လာ
ကြခြင်းအတူတူ  နေ့ရက်​က လက်​မနှင့်​ သိမ်းဖယ်​ပြီး
ကောင်းကို စူးစူးရဲရဲကြည့်​သည်​...

"မင်းတော်​တော်​ အတ္တကြီးပြီး ယုတ်​မာတဲ့ ကောင်​ဘဲသူ့ထက်​ကောင်း.. မင်းလုပ်​သမျှ ငါတစ်​သက်​လုံးခံလာရပြီးပြီး ..ဒီတခါတော့
လုံးဝမရတော့ဘူး ..မော ဘယ်​မှာလဲ ပြောစမ်း ... "

"အဟားး ..ယုတ်​မာတယ်​ ဟုတ်​လား..."

" ခွပ်​ ..."

"ကောင်း ..."

"သူ့ထက်​ကောင်းကို အသားလွှတ်​ လာမစော်​ကားနဲ့မရဘူး ...ခင်​ဗျား အမေ အသက်​ရှင်​ဖို့  ငွေတွေအဆမတန်​ထုတ်​ပေးတဲ့ လူကို
လူယုတ်​မာလို့ လာပြောတဲ့ ခင်​ဗျားက ဘာလဲ ပြောစမ်းပါအုံး..."

" ငွေထုတ်​ပေးတယ်​ ဟုတ်​လား...ကလိမ်​ကကျစ်​နည်းနဲ့
မိန်းမတစ်​ယောက်​ကို သိမ်းပိုက်​ပြီး  ငွေထုတ်​ပေးတဲ့
မင်းအဆင့်​အတန်းက ဘာလဲ..မင်းကိုယ်​မင်း သဘောပေါက်​.."

" ဟားး...ကလိမ်​ကကျစ်​တဲ့လား ...ပြောစမ်းပါအုံး
ငါဘယ်​သူ့အပေါ်မှာများ ကလိမ်​ကကျစ်​ကျလို့လဲဟင်
နေ့ရက်​ကောင်း ...ခင်​ဗျား ဦးနှောက်​ရှိရင်​တော့
တွေးတတ်​လိမ့်​မယ်​ ထင်​တယ်​ ....ကျုပ်​ ဘယ်​လိုပုံစံနဲ့ ထုတ်​ပေးပေး ခင်​ဗျား အမေရဲ့ အသက်​ကိုတော့ ကယ်​နိုင်​ခဲ့တယ်​လေ ..
ခင်​ဗျားက မိန်းမတစ်​ယောက်​အတွက်​နဲ့ ကျေးဇူးရှင်​ကိုတောင်
ကျေးစွန့်​ဖို့ လုပ်​နေပါလား..."

ကောင်း နေ့ရက်​ ခံပြင်းစေမဲ့ စကားတွေဘဲ ရွေးထုတ်​ပြောနေခဲ့ရာ..

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Donde viven las historias. Descúbrelo ahora