အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

2.2K 112 0
                                    


*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

          # အပိုင်း ၈ #

တဆိုင်​လုံးသည်​ မြင်​မကောင်းအောင်​ ကျဲပြန့်
သွားပြီး...

" အမလေး ကုန်​ပါပြီးတော်​ ...လုပ်​ကြပါအုံးဟဲ့ ...."

ိဆိုင်​ရှင်​ အဒေါ်ကြီး ခုမှ သတိရသွားပုံနှင့်
ရင်​ဘတ်​ထု အော်​ဟစ်​တော့သည်​....

"နင်​တို့ကို ရဲတိုင်​ပစ်​မယ်​ သိလားဟေ့...
ဒီလို ရမ်းကားချင်​တိုင်း ရမ်းကားရအောင်​..."

" ခင်​ဗျားကြီး ပါးစပ်​ပိတ်​စမ်း.."

အဒေါ်ကြီးရဲ့အော်​ဟစ်​သံက ကောင်းရဲ့ စူးရှတင်းမာသော
အမိန့်​သံအောက်​မှာတိခနဲတိတ်​ကျသွားသည်​...

ရစ်​ဝဲရစ်​ဝဲရပ်​ကြည့်​နေကြသူတွေရှိပေမဲ့
ဘယ်​သူမှတော့ ဝင်​မပါဝံ့...

လူတွေ အများအပြားကြည့်​လာတဲ့ အဖြစ်​သို့
ရောက်​လာခဲ့ချိန်​မှာ...

မောသည်​ ကြိုးဝိုင်းအတွင်းမှာ အလဲထိုးခံရသူလို..
ရင်​ထဲမှာ တလှပ်​လှပ်​ မျက်​လုံးတွေ လင်းလိုက်
မှောင်​လိုက်...
မတ်​တပ်​လေးရပ်​ပြီး ကတုန်​ကယင်​လဲ ဖြစ်​နေခဲ့သည်​သီးတဲ့
ဝေဒနာက သက်​သာနေပေမဲ့ စပ်​ဖျင်းဖျင်းနှင့်
မသက်​မသက်​ဖြစ်​နေဆဲ...
ဒါပေမဲ့ ..လည်​ချောင်းတလျှောက်​က ဝေဒနာက
အခုဖြစ်​ပေါ်နေတဲ့ ဖော်​မပြတတ်​တော့သော
ခံစားချက်​ဝေဒနာလောက်​ အဖြစ်​မဆိုးပါ....

ဒီပတ်​ဝန်းကျင်​မှာ မော မျက်​နှာ ဘယ်​လိုပြဝံ့တော့မှာလဲ ...

ကောင်း ကတော့ ဘယ်​သူ ဘာတွေဖြစ်​ပျက်​နေတာကို
စိတ်​မဝင်​စား... ဒေါသက တဆိုင်​လုံးကို
ရိုက်​ခွဲဖျက်​ဆီးဖို့  တာဝန်​ကျေသွားပြီးနောက်​ ...
ဂျာကင်​ကို ခါထုတ်​ပစ်​ပြီး ခါးထောက်​ကာ အားလုံးကို
အလွန်​အခံရခက်​သော မိုက်​တိမိုက်​ကန်းမျက်​ဝန်းနှင့်
ဝေ့ကြည့်​သည်​...

ပြီးမှ ..ခုဏက ရင်​ဘတ်​ထုအော်​တဲ့ ဆိုင်​ရှင်
ဖြစ်​ဟန်​တူသော အဒေါ်ကြီးကို စိမ်းစိမ်းကြီးကြည့်​ကာ

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now