အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.6K 100 1
                                    


***  အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

            #  အပိုင်း ၁၈  #

ရင်​ဘတ်​တစ်​ခုလုံးကနေ ပူပြင်းတောင်​လောင်​လာ
သည့်​ အရှိန်​က ခန္ဓာကိုယ်​တစ်​ခုလုံးသို့ ပျံ့နှံ့ကာ
ပေါက်​ကွဲလွှင့်​ထွက်​သွားမည့်​အတိုင်း....

ဒါပေမဲ့  ...သူသည်​ ထူးဆန်းစွာ မပေါက်​ကွဲခဲ့ဘဲ
မျက်​ဝန်းအစုံကို မှိတ်​ချလိုက်​သည်​...

မြင်​လွှာတို့က မှောင်​မိုက်​သွားသော်​ငြား...နှလုံးသား
ကို မွှေ့ရမ်းဆုပ်​ဖျစ်​လိုက်​သော မြင်​ကွင်းတစ်​ခုက
ပြိုးပြိုးပျက်​ပျက်လက်​ကာ ရင်​ကို ညှင်းပန်းနေကြ၏..

နေ့ရက်​ကောင်း ဆိုတဲ့ လူတစ်​ယောက်​နှင့်​ ပတ်​သက်
လာရင်​ သူဟာ ဘာလို့ ဒုတိယလူသားအဖြစ်​ ရှင်​သန်​ခဲ့ရတာလဲ....

မ ..မ က သူ့ကို လိမ်​ခဲ့တာ မဟုတ်​ဘူးဘဲ ...

ဒုတိယလူသားအဖြစ်​ရှိနေခဲ့တာတောင်​ မေတ္တာတရား
က သူ့ဆီသို့ ရောင်​ပြန်​ဟပ်​လို့ ရောက်​မလာခဲ့သောအနေအထားမှာ...

ဘာလဲ ... သူ့ထက်​ကောင်းဆိုတဲ့လူက မေတ္တာတရားနဲ့ မထိုက်​တန်​သူလား...

ဟားး...လောကကြီးက တော်​တော်​ဟာသဆန်​တာဘဲ

သွားစမ်းပါ ...

ဟွန့်​..မာယာများတဲ့ လောကကြီးကို သူ့ထက်​ကောင်း အနိုင်​ယူပြမယ်

မျက်​လုံးတို့ မှိတ်​ထားဆဲမှ နှုတ်​ခမ်းပါးတို့က တွန့်​ခနဲ့မဲ့ကျသွား၏...

' တူ .. တူ ..တူ ...'

" ကျစ်​ ..."

ဖုန်းက နှောင်​ယှက်​လာတော့ အလိုမကျစွာ
မျက်​မှောင်​ကြုတ်​စုပ်​သပ်​ရင်း...ဒက်​ဘုတ်​ပေါ်ရှိနေတဲ့
ဖုန်းကို ကြည့်​လိုက်​တော့ ...

' ဖြား ...'

ဖွားက သူ့ဆီ ဖုန်းဆက်​ခဲပါသည်​...အခု ဆက်​တာ
ဘာအကြောင်း ရှိလို့များလဲ ...

ဖွားဆိုတော့ စိတ်​နှောက်​ကျိမွှန်းကြပ်​နေတဲ့ကြားက
အဆက်​မပြတ်​ ထပ်​ခါထပ်​ခါ မြည်​နေတာမို့
ကောက်​နားထောင်​လိုက်​သည်​...

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Tahanan ng mga kuwento. Tumuklas ngayon