အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

5.5K 173 0
                                    


*** အချစ်​ကိုရိုက်​ချိုးခဲ့ပြီးနောက်​ ***

                 # အပိုင်း ၂   #

မိုက်​ခနဲ့ ပျာဝေသွားတဲ့ ရှက်​ရွှံထူပူမှုက ဒေါသစိတ်​ကိုတော့
သတိလက်​လွတ်​မပေးခဲ့ ...

" မင်း..မင်း..လူယုတ်​မာ ..."

"ဖြန်းး..."

"ဟားး...ခင်​ဗျား..."

" အင့်​.... ဖြန်းး..."

" အို ..မော .. "

" အဲဒါ ..ငါသိပ်​ရွံတဲ့ အပြုအမူနဲ့ ငါ့ကို တုန့်​ပြန်​တဲ့အတွက်​..."

" ကောင်း..."

" ဟာ..."

ဖျတ်​ခနဲ့ ရုန်းထွက်​ခြင်း အရှိန်​ပြင်းစွာ လွှဲရိုက်​ခြင်းက
တခဏအတွင်း လျင်​မြန်​စွာ ဖြစ်​ပေါ်ပြီး..
ကောင်း မျက်​နှာလည်​ထွက်​သွားကာ သုံးချက်​တိတိ
အရိုက်​ခံလိုက်​ရတော့ ဖြူနုရှင်းသန့်​နေတဲ့ ပါးတဖက်​က
နီရဲညိုပုပ်​သွားသည်

အနားမှာရှိနေသူတွေက အာမေဋိတ်​သံက လွှဲပြီး
ဘာမှ လှုပ်​ရှားဖို့ အခွင့်​မရှိ ...

" တောက်​ ..ခင်​ဗျား..."

တက်​ပြင်းပြင်းခေါက်​ပြီး မော ဆီ
ပြန်​လှည့်​လာတဲ့မျက်​ဝန်းတွေက သားရဲတို့၏
အလွှတ်​မပေးတတ်​သော မျက်​ဝန်းတွေလို
စူးရဲ ခြင်းတို့ဖုံးလွှမ်းသွားလျက်
လက်​တဖက်​သည်​လည်းမြှောက်​ခနဲ့....

ဒါပေမဲ့ ...မိန်းမသားတစ်​ယောက်​ဆိုတဲ့ အသိက သူ့လက်​အစုံကို
လေမှာ ရပ်​တန့်​သွားစေခဲ့ကာ...

" တောက်​ ကွာ..."

တက်​ခေါက်သည်​...ထို့နောက်​.. ဒေါသကို
ထိန်းချုပ်​ဟန်​ဖြင့်​  မတည်​မငြိမ်​ ခါးထောက်ပြီး

သူ့ရှေ့မှာ မျက်​နှာပင့်​မော့ထားလျက်​ ရင်​ဘတ်​လေး
နိမ့်​လိုက်​မြင့်​လိုက်​အထိ အသက်​ရှူနှုန်းတွေမြန်နေ
သော ဒေါသမာန တလက်​လက်​ဖြင့်
မျက်​ရည်​တွေရစ်​အိုင်​ နေတဲ့ကြားက
စူးရှတင်းမာနေတဲ့ မျက်​ဝန်းကို မြင်​ရခိုက်
သူ့ ရင်​သည်​ ဘာတွေဖြစ်​သွားမှန်းမသိ...

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now