အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

2K 102 2
                                    

*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

                # အပိုင်း ၁၃  #

မော မျက်​လုံးတွေ မှိတ်​ထားရင်းမှ လက်​သီးလေးဆုပ်
နှုတ်​ခမ်းတင်းတင်းစေ့ထားမိသည်​...
မော ဆေးခန်းတစ်​ခုထဲ ရောက်​နေတာကိုလဲ ခန့်​မှန်းလိုက်​မိပြီး
ဆူညံနေတဲ့ အသံတွေကြားလိုက်​၍ မော နိုးလာခြင်းဖြစ်​ကာ
သေချာတာက သူ့ထက်​ကောင်းကို ဒေါသ အတုံးလိုက်​ အတစ်​လိုက်​ ထွက်​နေမိသည်​...

မော ကိုများ သူ့ချစ်​သူတဲ့ ပိုင်​စိုးပိုင်​နင်း...

သူမ နိုးနေတာကိုများ သိကြလျှင်​ မောမျက်​နှာ
ဘယ်​လိုထားရမယ်​မှန်း သိတော့မည်​မဟုတ်​...

အသံတွေ ကြားနေကတည်းက မော နိုးလာတာပေမဲ့
သူမနဲ့ ပတ်​သက်​စရာ ပါလာတာတွေကြောင့်​ ဘာလုပ်
ရမှန်းမသိဘဲ မျက်​စိမဖွင့်​ဘဲ ငြိမ်​နေလိုက်​တာ
အကောင်းဆုံးဟု ဆုံးဖြတ်​လိုက်​သည်​...

နားထဲမှာ ကြားရတာက မျက်​နှာကို ရေနွေးနဲ့ ဖျန်းနေသလို
ထူပူနေမိသည်​...

မော ကိုပါ ရန်​ရှာမဲ့ မိန်းမငယ်​လေးတစ်​ယောက်​ရဲ့ အသံက မော ကို အတော်​ကတုန်​ကယင်​ဖြစ်​စေခဲ့သည်​..

သူ့ထက်​ကောင်း နဲ့ တစ်​ခုခုပတ်​သက်​လို့သာ သူမကို
ဝန်​တိုဒေါသထွက်​ခြင်းဖြစ်​မှာပါ ...

" မ ...မ နိုးနေပြီး မဟုတ်​လား..."

မှိတ်​ထားတဲ့ မျက်​ခွံမို့မို့လေးက လှုပ်​ခတ်​နေတာမို့ ကောင်း
မေးလိုက်​တော့ ...မော ပါးပြင်​လေးတွေ ရိပ်​ခနဲ ပန်းရောင်​လွှမ်း
သွားရရင်း...မျက်​လုံးမဖွင့်​ဘဲ  အလိုက်​ကမ်းဆိုးမသိ
မေးလာတဲ့ သူ့ကို စိတ်​တိုနေမိသည်​...

ဒါပေမဲ့ ...

" အမေ့ ...အို ... မင်း..."

မော မျက်​ခွံလေးထက်​မှာ နွေးခနဲအထိအတွေ့
ကြောင့်​ မော မျက်​လုံးအလန့်​တကြားပွင့်​သွားပြီး..
မျက်​လုံးရှေ့မှာ မြင်​လိုက်​ရတဲ့ မချိုမချဉ်​ပြုံးနဲ့
သူကြောင့်​ မော ဒေါသတွေက အလိမ့်​လိမ့်​ထွက်​လာကာ

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Donde viven las historias. Descúbrelo ahora