အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

2.8K 127 0
                                    


*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

          #  အပိုင်း ၄ #

မော ရဲ့ လှိုက်​ခါနေသော အသံလေး ခရီးမဆက်​ခင်​...
မော နာမည်​ကို ဖြတ်​ခေါ်သံနှင့်​အတူ အလိုမကျသော
မျက်​ဝန်းများဖြင့်​ ထွက်​လာသော ဆေးခန်းပိုင်​ရှင်
ဒေါက်​တာ နေဒွန်းခ ...

မော မျက်​နှာလေး ရှက်​ခြင်းနှောသော စိုးရွှံခြင်းဖြင့်
ဖြူရော်​ထူပူသွားကာ ...

" ဆရာ ..."

"ဘာဖြစ်​နေတာလဲ ..."

"ကျွန်​မ ..."

"နေအုံး..မင်း မပြောနဲ့ ... ဒါ ဘယ်​လိုနေရာမျိုးလဲ
ဆိုတာ မင်းသိတယ်​ မဟုတ်​လား..."

" ဟုတ်​ကဲ့ သိပါတယ်​ ဆရာ..."

ရှက်​ရွှံသိမ်​ငယ်​ခြင်းကြောင့်​ မျက်​လွှာချခေါင်းလေးငုံ့ကာ
မော အသံလေး တုန်နေ၏

"အေး ...သိတယ်​ဆိုရင်​ ... မင်း ရဲ့ Personal
ကိစ္စကို ဒီလို နေရာမှာ ရှုပ်​ရှုပ်​ယှက်​ယှက်​ မဖြေရှင်း
သင့်​ဘူးဆိုတာလဲ မင်း နားလည်​ရမယ်
ရင်​သပ်​ရှုမော ..."

လူတကာရဲ့ ရှေ့မှာ မော ရဲ့ သိက္ခာအရှက်​တရားတို့
ဖဲ့ခြွေခံလိုက်​ရပြန်​ပြီးမဟုတ်​လား...

မော သိမ့်​သိမ့်​ခါသွားသော ရင်​ဖြင့်
ဒေါက်​တာနေဒွန်းခရှေ့ကို ထွက်​လာပြီး
လက်​ဖဝါးလေးနှစ်​ဖက်​ ဖိဆုပ်​ထားလိုက်​ကာ

" ကျွန်​ ..ကျွန်​မ တောင်းပန်​ပါ ..."

"မလိုဘူး .. မ တောင်းပန်​စရာ မလိုဘူး..."

စူးရှတင်းမာသော တားမြှစ်​သံနောက်​မှာ မော
တောင်းပန်​သံလေး ပျောက်​ရှတိမ်​ဝင်​သွားလျက်​..

သွားပြန်​ပြီး ဆိုတဲ့ အသိတရားက ဒီနေရာမှာဘဲ
အသက်​ရှူရပ်​တန့်​ကာ အငွေ့ပျံပျောက်​ကွယ်​သွား
ချင်​၏

ကောင်း ကတော့ ဘာမှ ဂရုမစိုက်​တတ်​သော
မူပိုင်​စရိုက်​အတိုင်း တင်းမာစွာ ဖြတ်​ပြောပြီး
မျက်​ဝန်းနှုတ်​ခမ်းတို့သည်​ မည်​သည့်​လှုပ်​ရှားခြင်း
အရေးအကြောင်းမျှ မလှုပ်​ခတ်​စေဘဲ သူတပါး
ခံရခက်​အောင် ပမာမခန့်​ဟုထင်​ရသော
သက်​ရောက်​မှုကို ပိုင်​နိုင်​စွာ  ထိရောက်​စေတဲ့
အကြည့်​ စူးစူးရဲရဲ နှင့်​ ဒေါက်​တာ နေဒွန်းခကို
ရင်​ဆိုင်​ကြည့်​လိုက်​ကာ..

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Unde poveștirile trăiesc. Descoperă acum