*** အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက် ***# အပိုင်း ၂၀ #
' မေမေ '
နေ့ရက် အံ့သြမယုံနိုင်သောခံစားချက်များဖြင့်
မေမေ့ကိုအားရှိသမျှခေါ်လိုက်ပေမဲ့ ရင်ထဲမှာဘဲ
ကျယ်လောင်သွားကာ အသံကလည်ချောင်းဝမှာ တစ်ဆို့နေကြ၏ရင်ထဲမှာ ဝမ်းနည်းဝမ်းသာခြင်းနှစ်ရပ်က ခြေလှမ်းကိုလဲ ကတုန်ကယင်ဖြစ်စေသည်...
မွေ့ကတော့ ဘာမှသတိမပြုမိအားပါ...
" ဆရာမ ..အန်... အန်တီကို ဘယ်ခေါ်သွားမှာလဲရှင်..."
"အော် ... လူနာက စိုးရိမ်ရတဲ့ အခြေအနေကို ကင်း
လွှတ်ပါပြီး ...ဒါကြောင့် ICU ခန်းထဲ နေစရာမလို
တော့ဘူးလေ ...လူနာသီးသန့်ခန်းဆီ သွားထားမလို့ပါ ..."" ဟုတ်လား...."
မွေ့မေးရင်း ပြောပြောဆိုဆိုနဲ့ နာ့စ်လေးနဲ့ ပါသွားသည်...
နေ့ရက် စိတ်လှုပ်ရှားတုန်ယင်နေရာမှ အခုမှ သတိဝင်လာကာ ..." မေမေ ..."
ထွက်လာသောအသံက အက်ရှတုန်ခါစွာ...
မိခင်ကို ခေါ်ဆောင်သွားရာ အခန်းဆီသို့ သူလိုက်လာခဲ့သည်...
မေမေရယ် ကျွန်တော်တို့ ဘာလို့ ဒီလို အဖြစ်မျိုးကြီးနဲ့
ပြန်ဆုံရတာလဲ ...
ဒါပေမဲ့ ... မေမေရှိသေးတဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာတယ် ...ဒေါ်မြဝန်းရံ မေမေ့ဆီလာပြီး နောက်တစ်နေ့မှာ
မေမေပျောက်ချင်းမလှပျောက်သွားခဲ့၍ သူကြံရာမရဘဲ
ဖေဖေရှိရာ သုခရိပ်မြုံစံအိမ်ဆီသို့ ရောက်ခဲ့ပြီးဖေဖေ့ကို ပြောခဲ့သည်...
သူက မိခင်ပျောက်လို့ စိုးရိမ်ပူပန်ခြင်းခြင့် ဖေဖေဆီ
ရောက်ခဲ့ပြီး ပြန်ခဲ့သည့်နောက်မှာ ဖေဖေသည်လဲ
မေမေ့ကို စိုးရိမ်းပူပန်စိတ်ဖြင့် အပူတပြင်း ရှာဖွေခဲ့
သည် ဘယ်လိုဘဲရှာဖွေစုံစမ်းစုံစမ်း မတွေ့သည့်အဆုံး
ဖေဖေက ဒေါ်မြဝန်းရံကို အကြီးအကျယ်ပြသနာရှာ၍ စံအိမ်ကနေ
ထွက်ခဲ့တာကိုတော့ ဒေါ်မြဝန်းရံဆုံးပြီး သုခရိပ်မြုံ စံအိမ်ကို
သူရောက်သွားမှသာ သိခဲ့ရသည်...
တကယ်တော့ စံအိမ်နဲ့ သူနဲ့သည် ဘာမှမဆိုင်...
သူကလဲ တက္ကသိုလ်နောက်ဆုံးနှစ်ဖြစ်တဲ့ ကိုယ့်ဘဝကိုထိန်းသိမ်းနိုင်တဲ့အနေအထားတစ်ခုမှာပါ...
စံအိမ်ထဲရောက်သွားရတာကတော့ ဖေဖေ့ရဲ့ ဆန္ဒတစ်ခုနဲ့သာ
ဖြစ်သည်...
သတင်းအစအနရှာမရအာင် ပျောက်သွားတဲ့ မေမေ့ကို ဒီလိုပုံစံမျိုးဖြင့်
ပြန်တွေ့ရတာ ရင်ထဲမှာမချိမခံစားနိုင်ပေမဲ့ ဝမ်းသာခြင်းက
အဆုံးအစမဲ့ ....
YOU ARE READING
အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete
Romanceအွန်လိုင်းက စာေ၇းဆ၇ာမလေး အချိန်တိုင်း ဖြူဖြူ (ယခင် evertime )၏ လက်၇ာမွန်