အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.6K 102 1
                                    


*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

               # အပိုင်း ၁၉ #

ဘာခနဲ ဆောင့်​အော်​သံက မော ခန္ဓာကိုယ်​လေးကြွခနဲတုန်​သွားသည်​အထိ ...

မောဆီသို့ စူးစူးဝါးဝါးဆိုက်​ရောက်​လာတဲ့ မျက်​ဝန်းအစုံကလဲ
စိမ်းသက်​စူးနစ်​စွာ...

ဒီလောက်​ထိ များတဲ့ ငွေကို လိုအပ်​တာ သူမအတွက်
မဟုတ်​တာတော့ သေချာသည်​....

နေ့ရက်​ကောင်းနှင့်​ ပတ်​သက်​တဲ့ သူမက သူ့ဆီမှာ
ငွေ သိန်းကိုးဆယ်​ရဖို့ အလုပ်​လုပ်​မည်​တဲ့ ...
နေ့ရက်​ကောင်းရဲ့ အခုအခြေအနေက ငွေသိန်းကိုး
ဆယ်​မပြောနှင့်​ သိန်းကိုးရာဆိုရင်​တောင်
အပျော့လေးဘဲ ရှိနေနိုင်​မဲ့ အနေအထားမှာ ...

နှလုံးသားကို အခုထိ ပုတ်​ခတ်​နှိပ်​စက်​နေကြတဲ့ မနေ့က
မြင်​ကွင်းမှာ နေ့ရက်​ကောင်း သူမကို
ဘယ်​လောက်​ထိ ခယလိုက်​လျောနေတယ်​ဆိုတာသိသာသည်​...

သူကတော့ ဘဘပြောမဲ့ အရေးကြီးတဲ့အလုပ်​ကိစ္စကို
လျစ်​လျှူရှုပြီး သူမကို စိတ်​မချစွာ သူ့မနောက်​သို့လိုက်​လာခဲ့သည်

မှတ်​တိုင်​ရောက်​တော့ သူမကို နေ့ရက်​က
ကားပေါ်သို့ ဆွဲခေါ်တင်​ဆောင်​သွားတာ
တွေ့လိုက်တော့ ပူလောင်​ပြင်းပြသွားခြင်းက ရင်​ကို
တိုက်​စားသွားသည်​...
လက်​မခံနိုင်​ခြင်းသည်​ လူတစ်​ကိုယ်​လုံးကို ပျံ့နှံ့သွားကာ နေ့ရက်
ကားနောက်​သို့ လိုက်​လာခဲ့သည်​...

သူတို့နှစ်​ဦးကဖြင့်​ သူနောက်​ကလိုက်​လာတာကို ဂရုပြုမိပုံမပေါ်...

နောက်​တော့ ကားက ပရမ်းပတာလှုပ်​ခါသွားပြီး
ရပ်​သွားကာ သူမက ကားပေါ်ကနေဆင်းသည်
သူမ အောက်​ရောက်​ရင်​ဘဲ နေ့ရက်​က တဖက်​ကနေ
ဆင်းလာကာ သူမကို နောက်​ကျောကနေပွေ့
ဖက်​လိုက်​ချိန်​မှာ ထိုအချိန်​မှာ သူ့ခန္ဓာကိုယ်​တစ်​ခုလုံးသည်​ စကြာဝဠာအပြင်​ဘက်​သို့ လွှင့်​စင်​ထွက်​သွားပြီး
ပေါက်​ကွဲတော့မလို... နှလုံးသားသည်​ ဆုတ်​ချေဖျစ်​ညှစ်​ခံသလို 
တဆစ်​ဆစ်​နာကျင်​သွားသည်​...

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Donde viven las historias. Descúbrelo ahora