အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.6K 105 2
                                    


***  အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

               #  အပိုင်း  ၂၆  #

သူ့ထက်​ကောင်းရဲ့ အဖွားပြောလာတဲ့ ရင့်​သီးတဲ့
စကားလုံးများကို အခုရောက်​နေတဲ့ မောရဲ့
အနေအထားအရ ဘယ်​လို စကားလုံးသပ်​သပ်​ရပ်
ရပ်​လေးနှင့်​  မော  မည်​သို့ တုန့်​ပြန်​နိုင်​မည်​နည်း.
မော ဘာမှမတုန့်​ပြန်​နိုင်​ဘဲ တလှိုက်​လှိုက်​ တုန်​ယင်​သွားစဉ်​မှာ ...

" ကျွန်​မသမီးက မိကောင်းဖခင်​ သားသမီးက
မွေးဖွားလာတာပါ အန်​တီ ... အန်​တီ ကျွန်​မတို့
သမီးကိုပြောတဲ့ စကားကို ရုပ်​သိမ်းပေးပါ ..."

"ဟင်​ ..."

"မေမေ ...ဖေဖေ .."

မော မျက်​ဝန်းလေးတို့ အံ့သြရိပ်​တို့ဖြင့်​ ဝိုင်းစက်​သွားရင်း တလှမ်းချင်းတည်​ငြိမ်​စွာ ဝင်​ရောက်​လာပြီး သားသမီးကို ကာကွယ်​အရိပ်​မိုးပေးမဲ့ မိဘတို့၏ မေတ္တာမာန်​တို့ အပြည့်​ဖြန့်​ခင်းထားတဲ့  မိဘနှစ်​ပါးကို
  နှုတ်​ခမ်းလှုပ်​ရုံလေးသာခေါ်နိုင်​ခဲ့သည်​...

ဖေဖေတို့ ဘယ်​လိုရောက်​လာသလဲ ဆိုသောအဖြေက ဖေဖေတို့နဲ့အတူ ရောက်​လာခဲ့တဲ့ ကိုကြီးကြောင့်​ဆိုတာ မေးနေစရာမလို ...

မော ရဲ့ ဖေဖေနဲ့ မေမေသည်​ မောကို တချက်​သာ
ကြည့်​၍ သူတို့၏ သမီးလေးကို ပုတ်​ခတ်​ပြောဆိုနေတဲ့
ဒေါ်သုခဝတီကို တည်​ကြည်​လေးနက်​စွာ ရင်​ဆိုင်​လိုက်​ကြသည်​...

သိက္ခာသမာဓိရှိသူမှန်းသိသာစွာ
ဥပဓိရုပ်​ခန့်​ထည်​သော အမျိုးသားကြီးတစ်​ယောက်​နှင့်
ကြည်​လင်​နူးညံ့သောမျက်​နှာထက်​မှာ
တည်​ငြိမ်​ပြတ်​သားသော မာန်​မာနတို့လွှမ်းမိုးလျက်
တစ်​ခွန်းချင်းစီ ပြတ်​သားစူးရှစွာ ပြောကာ ဝင်​လာတဲ့
အမျိုးသမီးတို့ကြောင့်​ ဒေါ်သုခဝတီက  အကဲခတ်​ကာ
ကြည့်​လိုက်​သည်​...ရုပ်​ရည်​သွင်​ပြင်​သဏ္ဍာန်​ကို ကြည့်​ခြင်းအားဖြင့်
နှိမ့်​ကျတဲ့ အဆင့်​အတန်းထဲကမဟုတ်​မှန်း သိသာထင်​ရှား၏ ..
.ဒေါ်သုခဝတီ မျက်​ခုံးတွန့်ချိုးကာ

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now