အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

2K 98 0
                                    

*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

               #  အပိုင်း  ၁၂  #

မြေမခ ချိန်းထားလို့ ဝင်​လာတဲ့ ကောင်း ..
.မြေမခဆီတန်းတန်းမတ်​မတ်​ဝင်​လာပြီး ခေါ်လိုက်​ချိန်​...
လက်​သီးလေးဆုတ်​ကာ စိုးရွှံ့သော မျက်​ဝန်းဖြင့်
တောင့်​တောင့်​လေး ရပ်​နေတဲ့ မော ကို မထင်​မှတ်​ဘဲ
ရုတ်​တရက်​ကြီး  မြင်​လိုက်​တော့ ကောင်း မျက်​လုံးတို့ မီးပွင့်​သွား၍..
.ဒေါသက ရင်​ဘတ်​ကနေ ပွင့်​ထွက်​ခုန်​ပေါက်​သွားသည်​...
ထို့ကြောင့်​ ...လက်​သီးချက်​က မြေမခမျက်​နှာမှာ
အဆက်​မပြတ်​ ပစ်​ခွင်းရောက်​ရှိသွားခဲ့လျက်​.....

ဆက်​တိုက်​ကြီး ဝင်​လာတဲ့ ကောင်းလက်​သီးချက်​တွေ
ကြောင့်​ ခုခံချိန်​မရလိုက်​ဘဲ မြေမခ အလူးအလိမ့်​ နှင့်​..
နှုတ်​ခမ်းထောင့်​မှာ သွေးတွေ မြင်​မကောင်းတော့...

မော သည်​လဲ ရုတ်​တရက်​ဝင်​လာပြီး ပွဲကြမ်းသွားတဲ့
ကောင်း ကို ကြောင်​တက်​ကြည့်​နေရာမှ ..

" တော်​ ..တော်တော့ သူ့ထက်​ကောင်း ..."

"ဘာ....."

ကောင်း လက်​သီးချက်​တို့ လေထဲမှာ ရပ်​တန့်​သွားလျက်
မော ကို အံ့အားတသင့်​မေးပြီး သူ့အင်္ကျီစကို ဆုတ်​ဆွဲကိုင်​ထားတဲ့ မော ရှေ့မှာ ရပ်​ကာ...

"မ က ကျွန်​တော့်​ကို တားတယ်​ ဟုတ်​လား...
အောက်​တန်းကျတဲ့ အကြံအစည်​နဲ့ မ ကို ဖမ်းထားပြီး
ကျွန်​တော့်​ကို စိန်​ခေါ်နေတဲ့ ဒီကောင့်​ အ...."

"တောက်​ ... ထင်​ရာ စိုင်းတဲ့ ကောင်​  .."

" ခွပ်​ .."

"အမလေး ..."

မြေမခ ကိုယ်​ကို ထိန်းမတ်​ပြုပြင်​လိုက်​ပြီး
ကောင်း မေးဖျားကို တချက်​ပင့်​ထိုးတော့ ...ကောင်း ဟန်​ချက်​ပျက်​သွားသည်​...

" တောက်​ ...မင်း ..."

"အို...သူ့ထက်​ကောင်း တော်​ပြီး..."

"ဟား ...မ ခင်​ဗျား ဘာဖြစ်​တာလဲ မ ကို ခုတုံးလုပ်​ပြီး
ယုတ်​မာချင်​တဲ့ကောင်​ကို ကျွန်​တော်​ အရေခွံ ချွတ်​ပစ်​မယ်​ ..."

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Donde viven las historias. Descúbrelo ahora