အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.5K 86 0
                                    


*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

              #  အပိုင်း ၂၈  #

အခမ်းအနားတင်​ဆက်​သူက ဖွင့်​ပြလိုက်​တဲ့
အခါမှာတော့ အားလုံးအံ့သြသွားရတာအမှန်​ ...

အံ့သြရခြင်း အကြောင်းရင်းက
Siam Diamond ကုမ္ပဏီသည်​ ...ကျောက်​မျက်​ရတနာမျိုးစုံနဲ့
ချယ်​သပြုလုပ်​တဲ့ လက်​ရာပစ္စည်းတွေကို ထုတ်​လုပ်​ပေမဲ့ ...
Siam Diamond ဆိုတဲ့အတိုင်း စိန်​ထည်​ ပစ္စည်းကိုအများဆုံးနဲ့ အဆန်းကြယ်​ဆုံး ထုတ်​လုပ်​တဲ့ ကုမ္ပဏီဖြစ်​သည်​...

အခု အခမ်းအနားဖွင့်​လိုက်​တာက စိတ်​ထည်​ပစ္စည်းသက်​သက်​မဟုတ်​ဘဲ ... နဝရတ်​ကိုးသွယ်​လက်​စွပ်​နှင့်​ ဆိုတော့ အံ့သြသွားကြတာမမှား..

ဒါပေမဲ့ ... နဝရတ်​လက်​စွပ်​က အခမ်းအနားဖွင့်​တဲ့ပစ္စည်းဆိုတော့ .
.စိတ်​ဝင်​စားဖွယ်​ ကောင်းတဲ့ ပစ္စည်းက နောက်​ဆုံးမှာ တွေ့ရမည်​ကို
နားလည်​ကြတော့  ဧည့်​ပရိတ်​သတ်​တွေရဲ့ စိတ်​ဝင်​စားမှုက
အထွတ်​အထိပ်​သို့ ...

အခမ်းအနားထဲကို ဝင်​ရောက်​လာသည်​ကတည်းက..
နှုတ်​ဆက်​ကြ မိတ်​ဆက်​ကြနှင့်​  အခမ်းအနားပိုင်​ရှင်​ ဖြစ်​တဲ့ ကောင်း က အလုပ်​ရှုပ်​သွားရသည်

သူများကိုသာ လက်​ဆွဲ နှုတ်​ဆက်​ပေမဲ့ ကောင်း မျက်​လုံးက
ရွှေစွန်​ညိုလို ...
စိတ်​ကတော့ တိမ်​ဆိုင်​တိမ်​လိပ်​လို အပြေးအလွှား..
နှလုံးသားက ထန်​တော့မဲ့ ဆဲဆဲမုန်​တိုင်းလို တရိပ်​ရိပ်​ တလှိုက်​လှိုက်​ .

မဖြစ်​လို့ ရမလား ...ဝင်​လာတာနဲ့ အသက်​ငယ်​ရွယ်​ပြီး
ချောမောရှင်းသန့်​နေတဲ့ CEO ကို အားလုံးအထူးတလည်​စိတ်​ဝင်​စားသလို  ပုရိသတ်​အတော်​များများရဲ့ မျက်​ဝန်းတွေက သူ၏
ချစ်​သူ မ ဆီမှာ ... မဟုတ်​ဘူး ..မ တို့ စုံတွဲဆီမှာစုံတွဲလို့
တွေးရတာပင်​ သူ့ရင်​ထဲမှာ တင်းခနဲ..ဖျင်းခနဲ.

ကြည့်​လေ ... အနောက်​တိုင်းဆန်​ဆန်​တွေ ပြင်​ဆင်
ထားကြတဲ့ ခန်းမကြီးထဲမှာ သူ၏ မ က အပြာနုရောင်​ထိုင်းပိုးချိတ်​ကို
ပြေပြစ်​သေသပ်​စွာ ဆင်​မြန်းထားသည်​က ထင်းခနဲနှင့်​ ပေါ်လွင်​သော အလှတရားတို့ကို နန်းဆန်​သွားစေသည်​...
ဝင်းစက်​ကြည်​စင်​နေတဲ့ အသားအရေ ...မိတ်​ကပ်​ပါးပါးချယ်​ထားတဲ့
မျက်​နှာလေးက လှချင်​တိုင်းလှနေကြကာ ဝင့်​ကြွားလို့ .
ချယ်​ရီရောင်​မျှင်​မျှင်​လေးတင်​ထားတဲ့ နှုတ်​ခမ်းဖူးဖူးလေးနဲ့
ပေါင်းလိုက်​တော့ အလှတရားအားလုံးတို့သည်​ ...မ ရဲ့ နာမည်​ကပင်
နောက်​ကောက်​ကျသွားမည်​ ထင်​၏....
ရိုးစင်းပေမဲ့ ရင်​ဖိုလှိုက်​မောဖွယ်​ အလှတရားများနှင့်
သူ၏ မ သည်​ ...နက်​ပြာရောင်​ပိုးပုဆိုး ရှပ်​အဖြူနှင့်
မိုးပြာရောင်​ တိုက်​ပုံအင်္ကျီနဲ့ လိုက်​ဖက်​စွာခန့်​ထည်​ချောမောနေတဲ့ နေ့ရက်​ကောင်းနှင့်​ အတူလာခဲ့သည်​ဆိုတော့ အလွန်​လိုက်​ဖက်​တဲ့
စုံတွဲအဖြစ်​ တီးတိုးပြောကြ အားကျမဆုံးငေးမောနေကြတဲ့ အဖြစ်​မှာ ..
မကြေငြာဘဲ စုံတွဲအဖြစ်​သိသာနေတဲ့ အနေအထားမှာ သူမတင်းဘဲ
နေမည်​လား...

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now