အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.7K 100 4
                                    


*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

                 #  အပိုင်​ ၂၅  #

နေ့ရက်​ကုမ္ပဏီအလုပ်​တွေနှင့်​ အချိန်​မရှိ၍  မေမေ့
အနားမှာ ညဘက်​အချိန်​တွေမှာဘဲ လာနေလို့ရသည်
မော က ညနေအချိန်​လာသည်​ကို သိပေမဲ့ မောကို တကူးတက
လာဆုံဖို့ကျတော့ သူ့မှာ အချိန်မရှိ... မော အရင်​ဆုံးလာတဲ့ရက်​က
ကောင်း ကိုယ်​တိုင်​လာပို့တာလို့ သိရတော့ သူအတော်​အံ့သြပါသည်
.ကောင်းဟာ မောကို တကယ်​ချစ်​တာလားလို့အတွေးက သူ့ရင်​ကို ပူလောင်​သွားစေရတာအမှန်​.

သူ သုခရိပ်​မြုံစံအိမ်​ကြီးကို ကျောခိုင်းထွက်​လာပြီး
သူ့တို့ မိသားစုလေးနေတဲ့ အိမ်​လေးမှာဘဲ ပြန်​နေခဲ့သည်​...
တစ်​နေ့ သူကျောင်းက ပြန်​လာစဉ်​ ...ခြံဝင်းလေးထဲက ပျဉ်​ထောင်​အိမ်​လေးသည်​  မီးခိုးတလူလူနှင့်​ လောင်​ကျွမ်းနေတာကို ထိတ်​လန့်​အံ့သြ
ဖွယ်​ မြင်​ရသည်​...သူတို့ အိမ်​အနီးအနားက လူတွေက အဆင့်​မြင့်​ဇိမ်​ခံကားကြီးတစ်​စီးရောက်​လာပြီးနေ့ရက်​ကို မေးခဲ့သည်​တဲ့ .
.. ပြီးတော့ ကားထဲကလူတစ်​ယောက်​ဆင်းလာပြီး ခြံဝင်းထဲကို
ဝင်​သွားသည်​ .သော့ခတ်​ထားတဲ့ .ခြံထဲကို ဝင်​လို့ရသည်
ဆိုတော့ နေ့ရက်​တို့နဲ့ ရင်းနှီးသူတွေဘဲဟု ယူဆ၍ အမှတ်​တမဲ့ဘဲ
ဖြစ်​သွားကြသည်​..ထို့နောက်​ ထိုကားက ခြံရှေ့ကနေ ဘယ်​အချိန်​က
တည်းက ထွက်​သွားသည်​လဲ သတိမထားမိကြပါ..အိမ်​ထဲကနေ
မီးခိုးမီးငွေ့တွေအူထွက်​လာတာ မြင်​တော့မှ ပြေးလာကြပေမဲ့
အချိန်​မမှီတော့ ..တော်​သေးတာက သူတို့ခြံလေးက သီးသန့်​လေးဖြစ်​နေ၍ တခြားအိမ်​တွေထိ မီးကူးမသွားခဲ့ပါ...ထိုအဖြစ်​ရဲ့
အကျိုးဆက်​နောက်​မှာ  သူသိလိုက်​ရသည်​က ထိုကားထဲမှာ
ရှစ်​နှစ်​အရွယ်​ကောင်​လေးတစ်​ယောက်​ပါလာသည်​... ပြီးတော့
သူ့ဆီ စာတစ်​စောင်​ ထပ်​ရောက်​လာသည်​...စာထဲမှာ ရေးထားသည်​က
~ ငါ နှင်းချနေတဲ့ မြေကနေ အပြီးထွက်​သွား ~
ဆိုတာပင်​...ဒါဟာ ကောင်း ဆိုတာ သူခန့်​မှန်းလိုက်​သည်​...ကောင်း သည်​ အရွယ်​လေးငယ်​ပေမဲ့ စိတ်​ဓာတ်​ပြင်းထန်​သည်​ ..ဒါဆိုဒါ
ရမှ ကျေနပ်​သည့်​ကောင်​လေး...သူ့စိတ်အခန့်​မသင့်​ချိန်​ဆို
တအိမ်​လုံးပြောင်းဆန်​အောင်​ ဆိုးတတ်​သူ..
နေ့ရက်​ သုခစံအိမ်​မှာ သွားနေလာခဲ့သည့်​အချိန်​ကဆို  ကောင်း ရဲ့ ဒဏ်​ကိုမခံနိုင်​၍ ထွက်​လိုက်​ရတဲ့အလုပ်​သမားတွေ ခန့်​လိုက်​ရတဲ့
အလုပ်​သမားတွေများ နည်းနည်းနှောနှောမဟုတ်​...
မီးလောင်​မှုနောက်​မှာ ကောင်းအလိုကျ သူရန်​ကုန်​ကနေ
ထွက်​ပြီး ဖေဖေ့ညီ လေးလေးနေသူရိန်​ရှိတဲ့မော်​လမြိုင်​မှာ
သွားနေခဲ့ခြင်းဖြစ်​သည်​...သူဒီလောက်​ထိဝေးအောင်
ကိုယ်​ယောင်​ဖျောက်​နေခဲ့တာတောင်​တစ်​နေ့  ကောင်း
သူ့ဆီရောက်​လာခဲ့သည်​ဘဲ မဟုတ်​လား..
.ကောင်းသောရောက်​လာခြင်းနှင့်​တော့ မဟုတ်​ခဲ့ပါလေ...

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Tempat cerita menjadi hidup. Temukan sekarang