အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.6K 76 0
                                    


***  အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

               # အပိုင်း ၂၉  #

ကြည်​လင်​စိမ်းမြသော အလှတရားနှင့်​ မိန်းကလေးကို ဆိုလိုခြင်းဖြစ်​၍
ကြည်​လင်​အေးမြတဲ့အလှတရားတွေနှင့်​  မြရောင်​ လွှမ်းနေတဲ့
အပြာရောင်​ ဝတ်​စုံလေးနှင့်​ မော ဆီ အကြည့်​အားလုံး စုပြုံရောက်​သွားသည်​...

' ဟင်​ ...'

ကောင်း ကျေနပ်​နှစ်​ခြိုက်​စွာ ပြုံးလိုက်​ပြီး ရှိုးကေ့ထဲက လက်​စွပ်​ကို
ထုတ်​လိုက်သည်​..ပြီးတော့ မော ကို တရှိုက်​မတ်​မတ်​ကြည့်​ပြီး
တလှမ်းချင်း လျှောက်​လာခဲ့ကာ ...

"သူမကို ကျွန်​တော်​ စတွေ့ချိန်ကစပြီး..လစ်​ဟာနေခဲ့တဲ့ 
ကျွန်​တော့်​ရင်​ထဲက ကွက်​လပ်​အားလုံးကို သူမ မဖြည့်​ဆည်းဘဲ
သူမကြောင့်​ ပြည့်​စုံနေခဲ့တယ်​လို့ ခံစားမိတာလဲ ထူးဆန်းတယ်
ခြောက်​သွေ့တဲ့ နံနက်​ခင်းကို ရင်​ဆိုင်​ဖို့ အမြဲခြောက်​လှန့်​နေခဲ့တဲ့
ကျွန်​တော်​ အခုဆိုရင်​ နံနက်​ခင်းကို မက်​မောတတ်
ခဲ့ပါပြီ  ဘာလို့လဲဆိုတော့ ကျွန်​တော်​နိုးထလာတဲ့အချိန်​ သူမအကြောင်းကို တွေးမိတာနဲ့တင်​ ကျွန်​တော့်​အတွက်​ အမြဲခြောက်​သွေ့ခဲ့တဲ့
နံနက်​ခင်းလေးက စိုပြေသွားတယ်​လေ...သူမက ကျွန်​တော့်​ကိုကြိုဆိုတဲ့ နံနက်​ခင်း..ဗလာကျင်းနဲ့ အေးစက်​နေခဲ့တဲ့ ကျွန်​တော့်​ရဲ့
ရင်​ဘတ်​ကို မရုတ်​သုတ်​ခဖြစ်​အောင်​လဲ သူမက ပြုစားနိုင်​ခဲ့တဲ့
သူမဟာ ကျွန်​တော့်​ရဲ့ ရေလှိုင်း..တဇွတ်​ထိုးဆန်​ဆန်​ အနိုင်​ယူတတ်​တဲ့
ကျွန်​တော့်​ခံယူချက်​တွေက သူမနဲ့ဆို အရာမဝင်​ခဲ့ဘူးဗျ..အဟွန်း...
သူမက လှိုင်းတံပိုးကို ဘောင်​ဘင်​မခတ်​အောင်​ တားဆီးနိုင်​စွမ်းတဲ့
ကျွန်​တော့်​ရဲ့ကမ်းပါးဆိုရင်​ မမှားပါဘူး...သူမအပေါ်ရှိတဲ့ ခံစားချက်​က ဘယ်​လောက်​ထိလဲဆိုရင်​ သူမအတွက်​ဘဲ အသိစိတ်​ထဲရောက်​ပြီး
ကျွန်​တော်​ ကိုယ့်​ကိုယ်​ကို ချစ်​ဖို့သတိရဖို့တောင်​မေ့နေခဲ့တယ်​ဆိုရင်
လွန်​မယ်​လို့ ထင်​နေကြလားမသိဘူး..အဟွန်း..ကျွန်​တော့်​အတွက်
လိုပါသေးတယ်​လို့တောင်​ ထင်​နေမိတာဗျ ..အဲဒီ ခံစားချက်​တွေအားလုံးရဲ့အဖြေကို တိတိကျကျသိပြီးတဲ့ နောက်​မှာ..သူမဟာ ကျွန်​တော့်​အတွက်​ မရှိမဖြစ်​လိုအပ်​တဲ့နှလုံးခုန်​စက်​လေးပါဘဲ ... ဒါကြောင့်​..."

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now