အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.8K 101 0
                                    


***  အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

             # အပိုင်း ၁၅  #

သူမ နှင့်​ ဆုံခဲ့သောထိုရက်​ ... တနည်းအားဖြင့်
သူ့နှလုံးသားကို ပုတ်​နိုးလိုက်​သော ထိုရက်​လေး..
ရင်​ထဲမှာ ဘယ်​သောအခါမှ ဖျောက်​ဖျက်​မေ့ပစ်​လို့
ရမည်​မဟုတ်​သော ထိုနေ့သည်​ ...

🎶 ~~ပိတောက်​ပေါ်ချိန်​~~ နွေဦးဝယ်​ 🎶
     🎶~ မင်းတစ်​ယောက်​ထဲ~~ ဆွေးနေရင်​🎶 
🎶~မကောင်းဘူးပေါ့ကွယ်​~~~~ 🎶
                 🎶~အဖော်​လေးလဲ ~မင်းလိုရင်​🎶
🎶တို့ရှိတာဘဲ~~~~ 🎶🎶🎶

"တို့ရှိတာဘဲ ~~~  ..."

" ဗွမ်း!!..."

"ဟာ ..."

"အဟင်း ...ခ်​ ..ခ်​ ...."

သီချင်းရဲ့ နောက်​ဆုံးဝါကျလေးကို လိုက်​ဆိုတဲ့ အသံစာစာလေးနောက်​မှာ သူ့တစ်​ကိုယ်​လုံးရေစိုရွှဲသွားသည်​ ...ဟာခနဲ ဖြစ်​သွား၍  ပျာပျာသလဲ ထရပ်​ကာ ကြည့်​လိုက်​တော့ ...

' ဟင်​ ...'

ကန်​ရေပြင်​ကဲသို့ ငြိမ်​သက်​နေတဲ့ သူရင်​ဘတ်​ထဲသို့
ခဲပစ်​ချလိုက်​သလို ဂယက်​တစ်​ခုက လှိုက်​ခနဲ ဖြတ်
သန်းသွားကာ နှလုံးသားက ဒုတ်​ခနဲ ဆောင့်​ခုန်​သွားသည်​...

သူ့ရှေ့မှာ ရပ်​နေသည်​က အသက်​ ဆယ်​ခွန်
ဆယ့်​ရှစ်​နှစ်​ခန့်​ ချာတိတ်​မလေးတစ်​ယောက်​...
အနက်​ရောင်​ထရီးကွာတားဘောင်းဘီနဲ့ အဝါရောင်
ခါးစည်း အင်္ကျီပွပွလေးဝတ်​ထားကာ...
ဝင်းဖန့်​နုမွှတ်​နေသော အသားစိုင်​လေးများနှင့်
သူမလေးသည်​ မျက်​လုံးမလွှဲဖယ်​သွားနိုင်​သော
အလှတရားအားလုံးကို ပိုင်​ဆိုင်​ထားလေသည်
ဖလားလေးကို လက်​တဖက်​က ပိုက်​ထားပြီး ကျန်​လက်​လေး
တဖက်​က လည်​ပင်းလေးကို ပွတ်​ကာ
ခေါင်းလေးစောင်းပခုံးလေးကျုံ့ပြီး စွဲမက်​စရာကောင်း
သော ပြုံးတုံ့တုံ့ချစ်​စဖွယ်​ မျက်​နှာလေးနှင့်​ပြောလာသည့်​စကားက

" အဟင်း ... စိတ်​မဆိုးရဘူးနော်​ ..."
တဲ့ ...

တပါးသူနှင့်​ အရောတဝင်​ မနေဖူးသော သူက
သူမလေးကို အံ့အားသင့်​သော မျက်​လုံးများဖြင့်
ထူးဆန်းစွာကြည့်​ပြီး ဘာမှ ပြန်​မပြောနိုင်​...

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Où les histoires vivent. Découvrez maintenant