အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

3.3K 142 1
                                    


*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

           # အပိုင်း  ၃  #

မော ပြင်​ဆင်​ပြီး၍ အလုပ်​သွားဖို့ ထွက်​လာသည်​...

" မေလင်း ... "

"ဟင်​ .. မောလေး အလုပ်​သွားတော့မှာလား သမီး.."

မော က ဒေါ်သဒ္ဒါလင်းအနားသို့ ကပ်​လာပြီး ခါးကို
ဖက်​တွယ်​ထားလိုက်​ကာ...

"ဟုတ်​ မေလင်း ... မော မေလင်းကို စွပ်​ပြုပ်​လေး
လုပ်​ထားပေးတာ သောက်​လိုက်​အုံးနော်​..."

" အင်းပါရှင်​ ... "

"ပြီးတော့ ... မေလင်းဆိုင်​မထွက်​ပါနဲ့အုံးနော်​...
မေလင်း နေမကောင်းတာ .နားနားနေနေလေး.
နေပါ.မေလင်းရယ်​..."

" သမီးကတော့လေ...မေလင်းမသွားသေးပါဘူး သမီးရဲ့.."

"ဟင်းး.. ပြောသာပြောရတာ မောက မေလင်းကို
ဘာမှ မလုပ်​ဘဲ အိမ်​မှာ ဒီတိုင်းလေး နေစေချင်​တယ်​ သိလား.
.မေလင်းက မော စကားကိုလဲ နားမထောင်​ဘူး...ဟင့်​ .."

"အော်​ကွယ်​... အဟင်း ဟင်း..."

ဒေါ်သဒ္ဒါလင်း မော ပါးပြင်​နုနုလေးကို ဖွဖွလေး
ထိကိုင်​ရင်း ငေးမိသည်​....

ဟိုးလွန်​ခဲ့သော ဆယ့်​ကိုးနှစ်​ခန့်​က သူမလေးဟာ
အင်​မတန်​မှ လှပချစ်​စရာကောင်းသလို သွက်​သွက်
လက်​လက်​လေးနှင့်​ အိမ်​တစ်​အိမ်​ရဲ့
ဆည်းလည်းလေးဖြစ်​ခဲ့သည်​...

အခုတော့ သူမလေးဟာ ကံကြမ္မာက ဖန်​တီးလိုက်​တဲ့
လောကဓံကြောင့်​  တည်​ငြိမ်​မှုများဖြင့်​ ရင့်​ကျက်
သလောက်​ ရှိနေပေမဲ့ ဒေါ်သဒ္ဒါလင်း
မျက်​လုံးထဲမှာတော့ ခလေးလေးလိုဘဲ မြင်​နေရ၏

ထူးထူးဆန်းဆန်း ပြင်​ထားတာ မဟုတ်​ဘဲ ...
လှသည်​ ဆိုကြသော အလှများထက်​ သဘာဝ
လေးတိုင်း ကြည့်​တိုင်းလှ ရှုတိုင်းမဝ ဆိုသလို
မိန်းကလေးချင်းတောင်​ ပြန်​ငေးယူရလောက်​သည်​အထိ...
သူမလေးက လှနိုင်​လွန်းသည်​..
မျက်​ခုံးတန်းလေးက သွယ်​တန်းပေါ်လွင်​ကာ...
မျက်​တောင်​ရှည်​ကြီးတွေ ကော့နက်​ညွတ်​ပျံနေသော
မျက်​နက်​ဝန်းလက်​လက်​က ကဗျာတွေ စာတွေဖွဲ့လို့
မမှီနိုင်​...နှာတံပေါ်၍ နှုတ်​ခမ်းသားလေး
စိုရဲရဲ နှင့်​ ပန်းသွေးရောင်​ သမ်းနေသည့်​ ပါးမို့လေး
က သူမရဲ့ အလှတရားကို ပို၍ လက်​ရာမြှောက်
အောင်​ ပံ့ပိုးနေသည်​....

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Donde viven las historias. Descúbrelo ahora