အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

3.7K 122 8
                                    


*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

              # အပိုင်း ၃၆  & ဇာတ်​သိမ်း #

နားမှာ နားကြပ်​လေးတပ်​ပြီး ပင်​လယ်​ပြင်​ကို ငေးမောကာ 
မျက်​ရည်​တလိမ့်​လိမ့်​ စီးဆင်းနေတဲ့ မောကို နေ့ရက်​ ဂရုဏာမျက်
ဝန်းဖြင့်​ စိတ်​မသက်​မသာ ကြည့်​ပြီး သက်​ပြင်းရှိုက်​သည်​...

သူမလေး ညီ့ကို ဤမျှချစ်​သည်​တဲ့လားဆိုတာ အဖြေ
ရှာစရာမလိုအောင်​ သူမလေးရဲ့ စက္ကန့်​တိုင်းသည်
ညီ့ကို တမ်းတလွမ်းဆွေးရင်း အချိန်​ကုန်​ခဲ့သည်​ကို
အားလုံး မြင်​နေကြသည်

ညီ မရှိတော့တာ တစ်​နှစ်​ကျော်​ပါပြီ ...ဒါပေမဲ့..
သူမ ဒီနယ်​မြေကနေ ခွာမသွားဘဲ ညီ့ကို ခေါ်ဆောင်
သွားခဲ့သော ပင်​လယ်​ပြင်​ကြီးရှိရာ နေ့စဉ်​လိုလိုလာရောက်​ ငိုနေခဲ့သည်​.

ပြီးတော့ မိဘတွေနဲ့ မပြန်​ခဲ့သော သူမက
ညီ့ ကုမ္ပဏီမှာဘဲ အလုပ်​လုပ်​ခွင့်​တောင်းခဲ့တာက
မောင်​ အငွေ့အသက်​ရှိတဲ့ နေရာမှာ သူမနေချင်​လို့ပါတဲ့..
ချစ်​သူကို ချစ်​တတ်​လွန်းသော သူမကို ကြည့်​ပြီး အားလုံး
မျက်​ရည်​တွေ အဝဲသားဖြစ်​ကြရတာလဲ အကြိမ်​ကြိမ်​ပါဘဲ

မြေးကို ဆုံးရှုံးခဲ့ရလို့ ပူဆွေးသောက  ရောက်​နေတဲ့
ဖွား ကတော့ မြေးအပေါ် ချစ်​နိုင်​လွန်းသော မော ကို
အနားမှာ နေစေခဲ့ဖို့ တောင်းဆိုခဲ့ပေမဲ့ မော က
လက်​မခံခဲ့ဘဲ သူမ၏ အမ စိတ်​ထားဖြူနဲ့ဘဲ
အတူနေဖို့ ပြောခဲ့သည်​...
ဒါပေမဲ့ အထီးကျန်​နေသော ဖွားဆီသို့ မောက အမြဲ
တမ်းလာခဲ့သလို နေ့ရက်​ကလဲ ဖွားကို သနားဂရုဏာစိတ်​ဖြင့်
ဖွားအနားမှာ အချိန်​အတော်​များများ ပေးခဲ့ပါသည်
.. နေ့ရက်​ မေမေက အခုဆို ကျန်းမာရေးပကတိကောင်းနေပြီးမို့
တခါတလေ ဖွားကိုတောင်​ အဖော်​လာလုပ်​ပေးပါသးသည်
ဖွားက အတိတ်​ကအာဃာတတွေကိုစွန့်​၍ ဒေါ်သဒ္ဒါလင်းနဲ့
နေ့ရက်​ကို သမီး မြေးအဖြစ်​ကြည်​ဖြူစွာလက်​ခံခဲ့လေသည်​..

ပြီးတော့ ကုမ္ပဏီကိစ္စတွေမှာလဲ ဘဘနဲ့ အတူ
နေ့ရက်​ဘဲ ဦးစီးလုပ်​ကိုင်​ပေးဖို့ ဖွားက တောင်းဆိုခဲ့သလို..
မော နဲ့ ညီ မင်္ဂလာပွဲ မနွှဲဖြစ်​ပေမဲ့ လက်​ထပ်​စာချုပ်​ရှိသော
နှစ်​ဦးအတွက်​ မော ကိုမြေးချွေးမအဖြစ်​ အသိအမှတ်​ပြုခဲ့ပြီး
မော ကိုအရာအားလုံးမှာ ဆုံးဖြတ်​ပိုင်​ခွင့်​ ပေးခဲ့သည်

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete Where stories live. Discover now