အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

2.3K 126 0
                                    


***  အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

             # အပိုင်း  ၇   #

" ဘယ်​လို ဖြစ်​ရတာလဲ ကိုနေ့ ရာ ... "

အလောတကြီးရောက်​လာပြီး မချိတင်​ကဲမေးလာတဲ့
ကိုဇော်​လွင်​ကို သူဘာမှ ပြန်​မပြောနိုင်​သေးဘဲ
ငူငူကြီး ဖြစ်​နေတာကြောင့်​ ကိုဇော်​လွင်​က ယာဉ်​ထိန်း
ရဲတွေဆီ လျှောက်​သွားလိုက်​သည်

ဘယ့်​နှယ်​ အင်​မတန်​မှ တည်​ကြည်​တဲ့
နေ့ရက်​ကောင်းက လမ်းမလယ်​ကြီးပေါ်မှာ
ကားရပ်​ပြီး အနှောင့်​အယှက်​ပေးနေသူအဖြစ်​ စခန်း
ရောက်​ရတယ်​လို့ ...

ကြားကြားချင်း ကိုယ့်​နားကိုယ်​မယုံနိုင်​နှင့်
ပြူးပြဲပြန်​မေးမိတဲ့အထိ...

ဒီနေရာထိ ရောက်​လာတာခဲ့တာတောင်​ မယုံနိုင်​သေး
တဲ့ကိုယ်​ ... ခေါင်းငိုက်​စိုက်​နှင့်​ အရုပ်​ကျိုးပြတ်
ပုံစံဖြစ်​နေတဲ့ ကိုယ်​တော်​ချောကို တွေ့လိုက်​မှ ...

အော်​ ...
ဟုတ်​ပါလားလို့ ... ပြောယူရတော့မလို ဖြစ်​သွား၏

ဘယ်​လို အကြောင်းအရာကများ တည်​ငြိမ်​လေးနက်​တဲ့
  နေ့ရက်​ကောင်းကို လက်​မှိုင်​ချလောက်​အောင်​ဖန်​တီးလိုက်​ပါသလဲ ...

မော်​လမြိုင်​ကနေ ရင်​ကွဲပက်​လက်​နဲ့ ပြန်​လာ
ခဲ့တုန်းကတောင်​ ဒီလောက်​ထိ အဖြစ်​မဆိုး...

မျော်​လင့်​ချက်​ ရည်​မှန်းချက်​တွေနဲ့ စူးရှလေးနက်​လို့..

ကိုဇော်​လွင်​ အားလုံး ဖြေရှင်းပြီး၍ ပြန်​လာခဲ့ကြတဲ့ လမ်းတစ်​လျှောက်​ နေ့ရက်​က ငြိမ်​သက်​နေခဲ့၍
ကိုဇော်​လွင်​ အလိုက်​တသိ တိတ်​ဆိတ်​နေလိုက်​၏

နေ့ရက်​ကောင်းဆိုတာ ရင်​ထဲက ခံစားချက်​ကို
သူတပါးသိရန်​ တော်​ရုံ အသိမပေးတတ်​သူဆိုတာ သိနေခဲ့၍လဲ ပါသည်​...

ကွန်​ဒိုဆီရောက်​၍ အခန်းထဲ ဝင်​လာခဲ့ကြတော့
ဇော်​လွင်​ ရေခဲသေတ္တာဆီ အရင်​လျှောက်​သွားပြီး..
အချိုရည်​ နှစ်​ဗူးထုတ်​လာကာ ...

" ရော့ ... ရင်​ထဲလန်းအောင်​ သောက်​လိုက်​..."

" ကိုဇော်​ ...."

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete حيث تعيش القصص. اكتشف الآن