အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက်

1.9K 110 2
                                    


*** အချစ်​ကို ရိုက်​ချိုးခဲ့ပြီးနောက်​ ***

               #  အပိုင်း ၃၀ #

" မောလေး စဉ်းစားကြည့်​ပါ .. အဲဒီလို အခြေအနေမှာ ကျရောက်
နေခဲ့တဲ့ ကိုယ်​က ဘာများ ရွေးချယ်​ဖို့ အခွှင့်​အရေး ရှိတော့မှာလဲ ..."

"......"

မော ဘာသံမှထွက်​မလာဘဲ ငေးကြောင်​နေတာက ကျောက်​ရုပ်​လေးလို...

" ပြီးတော့ .ကိုယ်​ နဲ့ ကိုယ့်​မေမေက ကွဲကွာခဲ့တာကြာပြီးဆိုတာ
မေမေနဲ့ နေခဲ့တဲ့ မောလဲ သိမှာပါ မေမေက ကိုယ့်​ကို ရှာခဲ့သလို
ကိုယ်​ကလဲ မေမေ့ကိုရှာခဲ့တယ်​ မော ...ဒါပေမဲ့ ဘယ်​လို မှ
ရှာမတွေ့ခဲ့ဘူး ...တကယ်​တော့ ကောင်းက မေမေ့ကို
တွေတွေ့ချင်း သူမှတ်​မိနေခဲ့တယ်​ဆိုတာ မေမေ ဆေးရုံရောက်​ပြီး မော သူ့ဆီ ရောက်​သွားပြီးမှ ကိုယ့်​ကို ဖုန်းဆက်​ပြောခဲ့တာ..
.မေမေ နဲ့ ကိုယ့်​ကို မုန်းလို့  ကိုယ်​တို့နဲ့ ပတ်​သက်​တဲ့ မော ကို
ကိုယ့်​ကို နာကျင်​စေမဲ့ ရည်​ရွယ်​ချက်​နဲ့ .တဖက်​လှည့်​နဲ့ အသုံးချဖို့သိမ်း
ပိုက်​လိုက်​တာ ..."

နေ့ရက်​ ပြောသမျှကို မော မှင်​သက်​စွာ နားထောင်​နေရင်းမှ .
.အဲဒီလောက်​ထိလားဆိုတဲ့ အတွေး ဝင်​လာသည်​ ...

သူမ ကတုန်​ကယင်​လေးနှင့်​ .ကောင်းကို မယုံနိုင်​စွာ
မော့ကြည့်​လိုက်​မိကာ ...

"တ . တကယ်​လားဟင်​... မင်း တကယ်​ဘဲ  အဲဒီလိုလုပ်​ခဲ့တာလား..."

' မ ရယ်​ ...'

မော ရဲ့ မျက်​ဝန်း မော ရဲ့ အမေးမှာ ကောင်း ရင်​တစ်​ခုလုံးပြိုလဲပျက်​စီးသွားလေသည်

ဘာမှဂရုမစိုက်​ခဲ့သောသူက ဒီနေ့လို အဖြစ်​မျိုးရောက်​လာမှာကိုတော့ သိပ်​ကြောက်​နေခဲ့သည်​...အခု သူ အကြောက်​ဆုံးနေ့ကို
ရောက်​လာပါပြီလွတ်​လပ်​စွာ မုန်းလိုက်​ပါတော့ .မ ရယ်

ကျွန်​တော်​က မေတ္တာတရားနဲ့ မထိုက်​တန်​တဲ့ လူသားတစ်​ယောက်
အဖြစ်​ ကံကြမ္မာက ဖန်​ဆင်းထားတာနေမှာပါ ...
အော်​ ...သူတောင်​ ကံကြမ္မာဆိုတာကို ထည့်​တွေးတတ်​နေပြီဘဲ ..

အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete حيث تعيش القصص. اكتشف الآن