*** အချစ်ကို ရိုက်ချိုးခဲ့ပြီးနောက် ***# အပိုင်း ၃၁ #
တိတ်ဆိတ်နေတဲ့ ကားထဲမှာ ချိုမြိန်သောချစ်ခြင်းရနံ့
တို့ဖြင့် ထုံးမွှမ်းနေသော ပန်းနုရောင်လွင်ပြင်လေးဖြစ်လို့သွားသည်...ခွှင့်တောင်းခြင်းမရှိ ခြေချကျူးကျော်လာတာဖြစ်ပေမဲ့
အဆုံးမဲ့ အနမ်းပြင်းရှရှကို မောက ငြင်းဆန်ရန် အင်အားမဲ့၍
တသိမ့်သိမ့် လှိုက်ခုန်နွေးထွေးသော ရင်ခုန်သံအရ မော နှလုံးသားတို့ သိမ်းပိုက်ခြင်း ခံလိုက်ရပြီးလားမသိတော့ ...အချစ်ကြောင့် အလဲလဲအပြိုပြိုဖြစ်ခဲ့ရတဲ့ အဖြစ်ကိုဘမေ့ဖျောက်ပြီး
နှလုံးသားရဲ့အလိုဆန္ဒနောက်ကို မော လိုက်ခဲ့မိတာ မှားပြီးလား
တွေးချိန်မရလောက်အောင် ဆူညံသော ရင်ခုန်သံတွေက
မော စိတ်ကို စိုးမိုးထားသည်
ကောင်းက ရှက်သွေးတွေ လွှမ်းခြုံထားတဲ့ ပန်းသွေးရောင်
မျက်နှာလေးနဲ့ ရင်ခွင်ထဲက မ ကို မြတ်နိုးမဝစွာ ငုံ့မိုးကြည့်ရင်း" မောင့် ကို ချစ်လား "
" ......"
ရင်ခုန်သံနှင့် ရောထွေး၍ မေးလာသော မေးခွန်းကရိုးရိုးလေးပေမဲ့
မော က ပို၍ အရှက်သည်းကာ ကတုန်ကယင်လေးပင် ဖြစ်လို့လာ
သည်...လွန်ခဲ့သော အချိန်ပိုင်းက မုန်တိုင်းထန်ခဲ့တဲ့ သူဟာ သူမဟုတ်တဲ့
အတိုင်း..နူးညံ့နွေးထွေးသော သူ့အသံက လေပြေလေညင်းလို .."ဖြေလေ မ ..."
မော က မဖြေဘဲ နှုတ်ခမ်းသားလေးတွေဖုံးသွားသည်အထိ
နှုတ်ခမ်းလေးဖိပိတ်ထားလိုက်တော့ သူအသည်းယားသွားရကာ..." မဖြေဘူးလား ...အဟွန်း ..ရတယ်လေ ..."
"ဟင့်အင်း..မင်းနော် ..."
ပြောရင်း သူမျက်နှာ ငုံ့ကျလာတော့ ခေါင်းလေးကိုပြူးပြူးပျာပျာ
ငဲ့စောင်းပြီး သူ့မေးဖျားကို လက်နှင့်တွန်းကာထားတော့ ကောင်း
သဘောကျစွာ ရယ်သည်
အရှက်သည်းနေတဲ့ မျက်နှာရဲရဲလေးကို သူကြည့်လို့မဝနိုင် ...
သူ့ကို ပင့်မော့ကြည့်လာလို့ ပင့်တက်ကော့ပျံလာတဲ့
မျက်တောင်ဖျားလေးတွေ ဝန်းရံထားတဲ့ မျက်ဝန်းလေးကို စူးစိုက်ကြည့်လိုက်ပြီး
YOU ARE READING
အချစ်ကို ရိုက်ချိုးခဲ့ပြီးသည့်နောက် Complete
Romanceအွန်လိုင်းက စာေ၇းဆ၇ာမလေး အချိန်တိုင်း ဖြူဖြူ (ယခင် evertime )၏ လက်၇ာမွန်