Zawgyi
မပီပြင်ဝိုးတဝါးမြင်နေရတဲ့ကြားထဲမှာ
Xiao Zhan အသိနဲနဲပြန်ကပ်လာတော့
ဆေးရုံကားပေါ်မှာရောက်နေပြီး Yibo ကသူ့ရဲ့လက်တွေကို မလွှတ်တမ်းဆုတ်ကိုင်ထားတာ မျက်ရည်တွေစီးကျနေသည်ကိုတွေ့နေရ၍ နှစ်သိမ့်ပေးချင်ပေမယ့်လည်း သူ့အသိစိတ်တွေက အမှောင်ထုသို့ ပြန်လည်တိုးဝင်ပျောက်ကွယ်သွားမို့ သူဘာမှ မတတ်နိုင်လိုက်ပေ။နောက်တစ်ကြိမ် Xiao Zhan အသိဝင်လာတော့ သူ့တစ်ကိုယ်လုံးက ပေါ့ပါးနေပြီး လေပေါ်မျောလွင့်နေသလိုတောင် ခံစားနေရသည်မို့ သူ့ကိုယ်သူ သေသွားပြန်ပြီလားဟုတောင် တွေးထင်မိသွားသည်။ Xiao Zhan ပတ်ပတ်လည်ကိုလိုက်ကြည့်လိုက်တော့ မည့်သည့်အရာဝတ္ထုမျှ ရှိမနေဘဲ စကြာဝဠာအစုအဝေးကြီးထဲ ရောက်နေသလို မြင်နေရတာကြောင့် သူသေချာသွားတော့သည်။ ဤနေရာကား သူပထမဆုံးအကြိမ် System နဲ့ စတင်ခဲ့သော နေရာပင်။
" System ငါ သေသွားပြီလား "
Xiao Zhan မယုံနိုင်စွာနဲ့ တုန်ရင်နေသော ရင်အစုံက နိမ့်ချည်မြင့်ချည်။
[ အခုချိန်ထိတော့ မသေသေးပါဘူး Host ]
" မသေသေးဘူး ? ဒါဆို ငါကဘာလို့
ဒီကိုရောက်နေတာလဲ "[ Host မှာ ရွေးချယ်စရာ ၂ ခုရှိတယ်။
တစ်က ဟိုကမ္ဘာကို ပြန်သွားစရာမလိုတော့ပဲ နောက်တစ်ကမ္ဘာကို ထပ်ပို့ပေးမယ်။ နှစ်က Host ပြန်သွားချင်တယ်ဆို ပြန်နိုင်တယ် ဒါပေမယ့် ဟိုကမ္ဘာမှာ Host အသက်ရှင်နိုင်ချေက တအားနည်းတော့ သေခဲ့သည်ရှိသော် တကယ်သေဆုံးသွားမှာ။ Host ကြိုက်ရာရွေးနိုင်တယ် ]Xiao Zhan အလိုမကျစွာနဲ့ လေပူတစ်ချက်မှုတ်ထုတ်ပြီး ရွဲ့စောင်းကာ ပြုံးလိုက်မိသည်။ အကယ်၍ သူသာ လွန်ခဲ့သော
၅ လခန့်က Xiao Zhan သာဆိုလျှင် ဘာကိုမျှ ဂရုမစိုက်ဘဲ နောက်တစ်ကမ္ဘာသို့ ကူးပြောင်းလိုက်မှာ အသေအချာပင်။
အသက်ထက်အရေးကြီးတာ ဘာမှ မရှိဘူးမဟုတ်လား။ သို့ပေမယ့် သူက ယခုတော့ အားနည်းချက်ရှိတဲ့ Xiao Zhan ဖြစ်နေလေပြီ။ သူ့လက်ကို ဆုတ်ကိုင်ကာ ငိုကြွေးနေတဲ့ Yibo ရဲ့ အငွေ့အသက်တွေက ယခုချိန်ထိတောင် သူ့လက်တွေမှာ ထင်ကျန်နေဆဲ။ သူ့ဘဝရဲ့ ပထမဆုံးအဖြစ် နှစ်နှစ်ကာကာ ချစ်ခဲ့ဖူးသူကို သူဘယ်လိုလို့ ထားခဲ့ရက်မှာလဲ။
![](https://img.wattpad.com/cover/195737774-288-k466440.jpg)
YOU ARE READING
SHUT UP !! SYSTEM !!
FanfictionXiao Zhan Xiao Zhan ဆိုတာ X နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်တယ် သရုပ်ဆောင်ပိုင်းမှာ တစ်ဖက်ကမ်းခတ်အောင် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဝါရင့် အနုပညာရှင် တစ်ယောက်ဖြစ်ပြီး ငယ်ရွယ်မှု ချောမောမှုတွေနဲ့ အသက်ရွယ်နဲ့မလိုက်အောင် ရရှိခဲ့တဲ...