SUS Part 21 🚨

23.9K 2.1K 195
                                    

Unicode

ပြင်းထန်လှတဲ့ အနမ်းများအောက်မှာ Xiao Zhan
ဘာကိုမျှ မတွေးနိုင်တော့ပေ။ သူသတိဝင်လာချိန်မှာ ယနေ့အတွက် ဒုတိယအကြိမ်မြောက် အဖြစ်
Wang Yibo ၏ အိပ်ဆောင်တော်အတွင်းသို့
သက်ဆင်းရပြန်လေသည်။

တံခါးနဲ့ Yibo ကြားပိတ်မိကာ အတန်ကြာတဲ့ထိ
နှုတ်ခမ်းတွေပါ ထူပူလာအောင် အနမ်းခံရပြီးမှ
Xiao Zhan ရှိသမျှအားသုံးကာ Yibo ပခုံးကို
တွန်းဖယ်လိုက်သည်။

" Yibo.... နေပါဦး။ Ge သဘောမတူရသေးဘူးလေ။
ပြီးတော့ အရမ်းစောလွန်းတယ်မထင်ဘူးလား "

" မစောဘူး။ နောက်တောင်ကျနေပြီ " Wang Yibo က သူ့လက်က ည ၈နာရီရှိပြီ ဖြစ်ကြောင်း ပြသနေတဲ့
လက်ပတ်နာရီကို ညွှန်ပြပြီး ဖြေလာသည်။

" Ge ဆိုလိုတာ အဲ့တာမဟုတ်... " Xiao Zhan
စကားတောင်မဆုံးသေး Yibo ရဲ့ နှုတ်ခမ်းတွေက
သူ့ကို စကားဆက်မပြောနိုင်အောင်
နှုတ်ပိတ်လိုက်တော့သည်။

ကောင်းပြီလေ။

ကောင်လေးရေ မင်းက အဲ့လိုဆိုမှတော့လဲ
တွေ့ကျသေးတာပေါ့။

ငါလည်း အောက်မှာတော့ မနေနိုင်ဘူး။

Xiao Zhan လက်တွေက ဘေးသို့ ချထားရာမှ
Yibo ခါးတွေကို တင်းကြပ်စွာ ဆွဲယူပြီး ဖက်လိုက်ကာ
အားနှင့် ဆွဲလှည့်လိုက်ပြီး Yibo ကိုယ်လေးကို
သူ့ခန္ဓာကိုယ်နဲ့ တံခါးကြားထဲ ပြန်ညှပ်ထားကာ
သူအမြဲတမ်း စွဲလမ်းခဲ့ရတဲ့ Wang Yibo ရဲ့
နှုတ်ခမ်းချိုချိုလေးတွေကို အငမ်းမရ ပြန်လည်
စားသုံးလိုက်သည်။

ရုတ်တရက်မို့ ကြောင်တောင်တောင်လေးဖြစ်နေတဲ့
Yibo ကို အငိုက်ဖမ်းပြီး ချယ်ရီရောင်
နှုတ်ခမ်းနှစ်လွှာကြား တိုးဝင်ကာ Yibo ရဲ့
ခံတွင်းတစ်ခုလုံးကို မွှေနှောက်နေမိသည်။

အေးမြတဲ့ ခံစားချက်နဲ့ Wang Yi bo ဆိုတဲ့
ရေခဲမင်းသားလေးနဲ့ လိုက်ဖက်စွာ အမြဲတမ်း
Yibo ဆီက ရနေကျ ကိုယ်သင်းနံ့လေးဖြစ်တဲ့
ဆွဲဆောင်မှုပြင်းပြတဲ့ Tulip ပန်းရနံ့လေးက
Xiao Zhan ရဲ့ လျှာဖျားမှတစ်ဆင့်
တစ်ကိုယ်လုံးကို စီးဆင်းလာသည်။

တဆတ်ဆတ် တုန်ခါနေတဲ့ Yibo ရဲ့ လျှာဖျားလေးကို
ဆွဲယူပြီး အတန်ကြာအောင် ဆော့ကစားနေလိုက်ပြီးမှ
နှစ်ယောက်သား အောက်ဆီဂျင်ပြတ်တော့မလို
ခံစားရမှ လွှတ်ပေးလိုက်သည်။

SHUT UP !! SYSTEM !! Where stories live. Discover now