SUS Part 25

16.8K 1.8K 75
                                    

Zawgyi Version

ရှုတ်ထွေးနေသော စိတ်တွေနဲ့ Xiao Zhan အိမ်ကို ပြန်ရောက်ရောက်ခြင်း စိတ်ပူနေတဲ့ မျက်နှာနဲ့
သူ့ကိုစောင့်နေတဲ့ Yibo ကိုမြင်ပေမယ့်
မမြင်ချင်ယောင်ဆောင်ပြီး အခန်းထဲသို့သာ တန်းဝင်သွားပြီး အထုတ်အပိုးတွေ ပြင်ဖို့ ခရီးဆောင်အိတ်ကို ဆွဲလိုက်တော့ Yibo က သူ့ရဲ့လက်တွေကို လှမ်းတားလာသည်။

" Yibo.... ကျေးဇူးပြုပြီး Ge ကို ခနလောက်တော့ တစ်ယောက်တည်းနေခွင့်ပေးပါ ဟုတ်ပြီလား "

ထုံးစံအတိုင်း Yibo က အလျော့မပေးတတ်သူမို့ Xiao Zhan ကို သူ့ဘက်သို့ ဆွဲလှည့်ကာ မေးလာသည်။
" Zhan ge ... ဘာဖြစ်နေတာလဲ။
ဘယ်ကိုထွက်သွားပြီး ဘယ်သူနဲ့ သွားတွေ့တာလဲ။ Ge အိပ်နေတာမို့ ကျွန်တော် ဒီနားက Market ခနလောက်ထွက်သွားမိတာ။ စိတ်ဆိုးသွားတာလား။ "

" Yibo တော်ပါတော့ "

သွေးပူနေတဲ့ အချိန်မို့ Xiao Zhan
တကယ်တော့ Yibo နဲ့ စကားမများချင်၍သာ သူရှောင်ထွက်ဖို့ ကြိုးစားခြင်းဖြစ်သည်။ Ying Zi က သူနဲ့ ရန်ငြိုးရှိသည့်သူမို့ သူပြောသမျှစကားက ယုံလို့လို့ မရနိုင်။ ဒါ့အပြင် Xiao Zhan က နဂိုတည်းက သွေးဆူလွယ်သူမို့ သူတစ်ခုခုပြောလိုက်မိရင် Yibo ကို အလကားသက်သက် ထိခိုက်မိမှာ သူစိုးရိမ်သည်။

သို့ပေမယ့် Yibo ကြည့်ရတာ သူ့ကို
အလွတ်ပေးမည့်ပုံ လုံးလုံးမှ မရှိချေ။

" Zhan Ge ! ကျွန်တော် Ge ကို
ဘယ်မှ ပေးသွားမှာ မဟုတ်ဘူးဆိုတာ
Ge သိပါတယ်။ "

Xiao Zhan သက်ပြင်းတစ်ချက်ရှိုက်ပြီး
ငါမေးသမျှ ကျေးဇူးပြုပြီး မဟုတ်ဘူးသာ
ဖြေပေးပါလို့ ရင်ထဲမှ ဆုတောင်းရင်း
Yibo မျက်နှာကို သေချာကြည့်ကာ
တစ်လုံးချင်း ​မေးလိုက်သည်။
" Yibo .... Ge ဖုန်းနဲ့ ပိုက်ဆံအိတ်ထဲမှာ စက်ထည့်ထားတာမင်းလား "

Yibo ရဲ့ မျက်နှာအပြောင်းအလဲလေးကို
သေးသေးလေးက အစ ဂရုစိုက်တတ်သည့် သူမို့ လုံးဝကြီးမျက်နှာမပျက်သွားပေမယ့်လည်း မျက်တောင်အဖျားလေးတွေ လှုတ်ခတ်သွားပြီး Xiao Zhan ကို ချုပ်ကိုင်ထားသည့် လက်တွေက ပို၍ တင်းကြပ်လာသည်မို့ ပါးစပ်ဝန်ခံစရာ မလိုအပ်တော့ပေ။

SHUT UP !! SYSTEM !! Where stories live. Discover now