SUS Extra Part I ( ကလေးဆိုးလေး Zhan Ge )

20.4K 1.5K 69
                                    

Unicode

The Untamed ရုပ်ရှင်စတင်လွှင့်ပြီး
တစ်ပတ်အကြာတွင်ဖြစ်သည်။

ကောင်းမွန်လှပသော ဇာတ်ညွှန်းကြောင့်ပေလား တစ်ကားလုံးလိုလို အသုံးပြုထားသော တက်သစ်စ သရုပ်ဆောင်များ၏ ကံကြမ္မာကြောင့်ပေလားတော့မသိ။ The Untamed ရုပ်ရှင်စတင်လွှင့်ပြီး တစ်ပတ်အကြာတွင် များစွာသောပရိသတ်များ၏ အားပေးမှုကြောင့် မယုံနိုင်လောက်အောင် အောင်မြင်မှုများရရှိခဲ့သည်။ နေ့ချင်း ညချင်း လူ့ပြည်မှ နတ်ပြည်သို့ တက်လိုက်ရသလိုပင် ယခင်က နာမည်ဆိုးရှိဖူးသော Xiao Zhan လျှင်ပင် တဟုန်ထိုးအောင်မြင်သွားသဖြင့် ပြီးပြည့်စုံသော နတ်သားလေး Wang Yi Bo ကိုဆိုလျှင် စကားထဲ ထည့်ပြောစရာကို မလိုအပ်ပေ။

မကြာခင် Points 100 လည်း ပြည့်တော့မည်မို့ အစစ အရာရာ မျှော်မှန်းထားတာ ထက်တောင် ပိုမို အဆင်ပြေချောမွေ့နေပေမယ့် အဆင်မပြေသည်က သူတို့နှစ်ယောက်၏ ဆက်ဆံရေးဖြစ်သည်။ အကြောင်းမှာ နာမည်ကြီးလာသည်နှင့်အမျှ အရင်လို လွတ်လွတ်လပ်လပ် သွားလာလို့ မရတော့သည့်အပြင် နဂိုတည်းကမှ လွန်စွာ သဝန်တိုတတ်လွန်းသည့် Yibo သည် Xiao Zhan အား တစ်ကမ္ဘာလုံးနှင့် တစ်ယောက် ယှဉ်လုနေရသည့် မျက်နှာထားနှင့် တနေ့တခြား ကုရာနထ္ထီ‌‌ဆေးမရှိသည့် သဝန်ကြောင်ရောဂါ စွဲကပ်နေသောကြောင့်ပင်ဖြစ်သည်။

အခုလည်းကြည့် အောင်မြင်မှုလေးကို စံစားမည်မှ မရှိသေး Xiao Zhan ကို G မြို့မှ အိမ်တော်ကို ခေါ်လာပြီး ပိတ်ထားသည်မှာ ၂ ရက်ရှိပြီဖြစ်သည်။ Yibo ရဲ့ ထစ်ခနဲရှိရင် သူ့ကို လှောင်ပိတ်ထားချင်တဲ့ စိတ်ကို ဘယ်လိုလုပ်မှ ဖျောက်ဖျက်ရနိုင်မည်မှန်း မသိတော့။

အိပ်ယာပေါ်လှဲကာ ဖုန်းပွတ်နေတဲ့
Yibo ကို Xiao Zhan မျက်စောင်းလှမ်းထိုးလိုက်ပြီး ဘေးနားဝင်အိပ်ပြီး သိမ်းသွင်းဖို့ ကြိုးစားလိုက်သည်။

" Yibo....ဘယ်တော့ ပြန်ရမှာလဲ Ge
ပြန်ချင်နေပြီ "

Xiao Zhan သကာရည်လောင်းထားသလို ချွဲနွဲ့ပြီးပြောတော့ Yibo က သူ့လက်ထဲက ဖုန်းကိုပိတ်ကာ ချက်ချင်း သူ့ဘက်ကို လှည့်ကြည့်လာသည်။

" Ge ... ဘာလို့ပြန်ချင်တာလဲ? ဒီမှာနေရတာ မပျော်လို့လား? ‌ပြောရရင် X မြို့တော်မှာလဲ အရင်လို ဘယ်မှသွားလို့ရတာ မဟုတ်တာဘဲကို။ ဘာလို့ ပြန်ချင်တာလဲ "

SHUT UP !! SYSTEM !! Where stories live. Discover now